Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ပေတရု​အား ကိုယ်ထင်ပြတော်မူ​ပြီးမှ တမန်တော်​ဆယ့်နှစ်ပါးတို့​အား ပြတော်မူသည့်​အကြောင်းတို့​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ကေ ဖ အား လည်း ကောင်း၊ တစ် ဆယ့် နှစ် ပါး တို့ အား လည်း ကောင်း၊ ထင် ရှား တော် မူ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ကေ​ဖ​သည်​ကိုယ်​တော်​ကို မြင်​ပြီး​မှ၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​သည် မြင်​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ကေဖ​ထံ ထင်ရှားပြ​တော်မူ​ပြီးနောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထံ ထင်ရှားပြ​တော်မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:5
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်​ဆယ့်တစ်ပါးတို့​သည် အစာ​သုံးဆောင်နေကြ​စဉ် ယေရှု​သည် သူတို့​အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် မိမိ​အား ကိုယ်တိုင်​တွေ့မြင်ကြသော သူတို့​၏​စကား​ကို မယုံဘဲ ခေါင်းမာ​လျက် ငြင်းပယ်ကြသော ထို​တပည့်တော်​ဆယ့်တစ်ပါးတို့​ကို ယေရှု​သည် ပြစ်တင်​ဆုံးမတော်မူ၏။


ထို့နောက် သူ​သည် ပေတရု​ကို ယေရှု​ထံတော်သို့ ခေါ်လာ၏။ ယေရှု​က ပေတရု​ကို စူးစိုက်​ကြည့်ပြီး​လျှင် “သင်​သည် ယောဟန်​၏​သား ရှိမုန်​ဖြစ်၏။ သို့သော် သင့်​ကို ကေဖ​ဟူ၍ ခေါ်ရ​လိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ​၏ အဓိပ္ပာယ်​မှာ ကျောက်​ဖြစ်၏။)


သို့ရာတွင် လူ​အပေါင်းတို့​ထံ၌ ကိုယ်ထင်ပြစေတော်မူသည်​မဟုတ်။ ဘုရားသခင်​ကိုယ်တိုင် သက်သေများ​အဖြစ် ကြိုတင်​ရွေးချယ်ထားသော ကျွန်ုပ်တို့​ထံ၌​သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှု​ခရစ်တော် သေခြင်း​မှ ထမြောက်တော်မူ​ပြီးနောက် ကျွန်ုပ်တို့​သည်လည်း ထို​သခင်​နှင့်အတူ စားသောက်ကြ၏။


သင်တို့​ထဲမှ တချို့​က “ငါ​သည် ပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် အာပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ပေတရု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ခရစ်တော်​၏​တပည့်​ဖြစ်၏” ဟူ၍ အသီးသီး​က ပြောဆို​နေကြ​သောကြောင့် ဤ​စကား​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။


ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ပေတရု​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။


ကျွန်ုပ်တို့​သည် ပေတရု​မှစ၍ သခင်ဘုရား​၏ ညီတော်များ​နှင့် အခြားသော​တမန်တော်များ​ကဲ့သို့ ခရီးသွား​ရာတွင် ယုံကြည်သူ​ဇနီးသည်​ကို ကျွန်ုပ်တို့​နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ