ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ရှင်ယောဟန် 10:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။ Common Language Bible သူခိုးသည်ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကားသင်တို့အသက်ရှင်ကြစေရုံ မျှသာမက ကြွယ်ဝပြည့်စုံသောအသက်ကို ရှင်နိုင်ကြစေရန်လာသတည်း။ Garrad Bible သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။ Judson Bible သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။ မြန်မာ့စံမီသမ္မာကျမ်း သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးရန်သာ လာတတ်၏။ ငါမူကား သိုးတို့အား အသက်ကိုရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာရရှိစေရန်လာ၏။ မြန်မာ သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။ |
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
ကိုယ်တော်က “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် လူမျိုးအပေါင်းတို့၏ ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား သွန်သင်လျက် မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် လူသားသည် ပျောက်ဆုံးနေသောသူများကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
“သင်တို့အား ငါအမှန်ဆို၏။ သိုးခြံထဲသို့ ဝင်းတံခါးမှ မဝင်ဘဲ ခြံကိုကျော်၍ ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။
ငါ့စကားကို ကြား၍ မလိုက်နာသောသူကို ငါသည် အပြစ်မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါသည် လောကီသားတို့ကို တရားစီရင်ရန် ကြွလာသည်မဟုတ်။ ကယ်တင်ရန် ကြွလာ၏။
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထိုသို့ သူတစ်ပါးကို သွန်သင်လျက်နှင့် သင့်ကိုယ်သင် မသွန်သင်သလော။ မခိုးယူရဟု ဟောပြောလျက်နှင့် ကိုယ်တိုင်ခိုးယူသလော။
“ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကတိထားတော်မူသောအရာကို ရရှိမည့်သူများအား ဖော်ပြရန် သစ္စာဆို၍ အာမခံတော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
ထို့နောက် ဘုရားသခင်သည် သင်တို့အား ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ကို အပြည့်အဝပေးသနားတော်မူလိမ့်မည်။