Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထိုသို့ သူတစ်ပါး​ကို သွန်သင်​လျက်နှင့် သင့်ကိုယ်သင် မသွန်သင်သလော။ မခိုးယူရ​ဟု ဟောပြော​လျက်နှင့် ကိုယ်တိုင်​ခိုးယူသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကိုယ် ကို မ သင် ကြား လော။ သူ့ ဥစ္စာ ကို မ ခိုး ရ ဟု ဟော လျက် ကိုယ် တိုင် ခိုး သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သူ​တစ်​ပါး​ကို​ဆုံး​မ​လျက်​ပင် ကိုယ်​ကို မ​ဆုံး​မ​သ​လော။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်​ဟု တ​ရား​ဟော​လျက်​ပင် ကိုယ်​တိုင်​ခိုး​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူတစ်ပါး​ကို​သွန်သင်​လျက်​ပင် သင့်ကိုယ်သင်​မ​သွန်သင်​သလော။ မ​ခိုးယူ​ရ​ဟု​ဟောပြော​လျက်​ပင် သင်​ကိုယ်တိုင်​ခိုးယူ​ရ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:21
16 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ကျမ်းစာ​တွင် ‘ငါ​၏ အိမ်တော်​သည် ဆုတောင်းရာ​အိမ်တော်​ဟု ခေါ်ဆို​ရမည်’ ဟူ၍ ရေးသားထား​သော်လည်း သင်တို့​သည် အိမ်တော်​ကို ဓားပြစခန်း​ဖြစ်စေကြပြီ” ဟု သူတို့​အား မိန့်တော်မူ၏။


ယေရှု​က “ကျမ်းတတ်​ပညာရှင်​တို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထမ်းရခက်သော​ဝန်ထုပ်များ​ကို လူတို့​အား ထမ်းစေကြ​သော်လည်း ကိုယ်တိုင်​ကမူ ထို​အရာတို့​ကို လက်ဖျား​နှင့်မျှ မတို့ကြ​သောကြောင့်​ဖြစ်၏။


မိမိ​သခင်​၏​အလို​ကို သိ​လျက် သခင်​အလို​ရှိသော​အရာ​ကို အသင့်​မပြင်ဆင်သော အစေခံ​သည် ရိုက်နှက်ခြင်း​ကို ပြင်းစွာ​ခံရ​လိမ့်မည်။


သခင်​က ‘မိုက်မဲသော​အစေခံ ငါ​သည် ခက်ထန်သော​သူ​ဖြစ်​၍ ကိုယ်​ရင်းနှီးမြုပ်နှံမထားသော​အရာ​ကို သိမ်းယူတတ်ပြီး ကိုယ်​မစိုက်သော​အရာ​ကို ရိတ်သိမ်းတတ်သူ​ဖြစ်ကြောင်း သင်​သိသည်​မှန်​လျှင်


ယေရှု​ကလည်း “သင်တို့​က ‘ဆရာဝန်… သင်​သည် မိမိ​ရောဂါ​ကို မိမိ​ပြန်​၍ ပျောက်ကင်းအောင်​ကုသလော့’ ဟူသော စကားပုံ​နှင့်အညီ ‘ကပေရနောင်မြို့​၌ သင်​ပြုသည့်​အံ့ဖွယ်အမှုများ​ကို ငါတို့​ကြားခဲ့ရသည့်​အတိုင်း သင်​၏​နေရပ်မြို့​ဖြစ်သော ဤ​နေရာ​၌​လည်း ပြုလော့’ ဟု ငါ့​ကို ဧကန်​မုချ​ပြောဆိုကြ​လိမ့်မည်။


သူတစ်ပါး​ကို ဟောပြော​ပြီးမှ မိမိ​ကိုယ်တိုင်​က အရည်အချင်း​မပြည့်မီဘဲ​နေမည်​ကို ကျွန်ုပ်​စိုးရွံ့​သောကြောင့် ကျွန်ုပ်​သည် အားကစားသမား​ကဲ့သို့ မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ ထိန်းချုပ်၏။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတို့​ပင်လျှင် ကိုယ်တိုင် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးကြသည်​မဟုတ်။ ထို​သူတို့​သည် သင်တို့​၏ အသွေးအသား​၌ အရေပြားလှီးခြင်း​အပေါ် ကြွားဝါ​နိုင်ရန် သင်တို့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​စေလိုကြခြင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ