Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 19:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အဘယ်ကြောင့်ဆိုသော် လူသား​သည် ပျောက်ဆုံးနေသော​သူများ​ကို ရှာဖွေ​၍ ကယ်တင်​ရန် ကြွလာ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 လူ့ သား သည် ပျောက် သော သူ တို့ ကို လိုက် ရှာ၍ ကယ် တင် ရန် ရောက် လာ ပြီ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

10 လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 19:10
17 ပူးပေါင်းရင်းမြစ်များ  

သူ​သည် သားယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​သည် မိမိ​လူမျိုးတို့​ကို သူတို့​၏ အပြစ်များ​မှ ကယ်တင်မည့်​သူ ဖြစ်​သောကြောင့် သူ့​ကို ယေရှု​ဟူ၍ မှည့်ခေါ်​ရမည်” ဟု ဆိုလေ၏။


ဘုရားသခင်​၏ ပျောက်သော​သိုးများ​ဖြစ်သည့် အစ္စရေးလူမျိုးများ​ထံသို့​သာ သွားကြလော့။


ထိုအခါ ယေရှု​က ထို​အမျိုးသမီး​အား “ငါ​သည် ဘုရားသခင်​၏ ပျောက်သော​သိုးများ​ဖြစ်သည့် အစ္စရေးလူမျိုး​ထံသို့​သာ စေလွှတ်ခြင်း​ခံရသည်” ဟု မိန့်တော်မူ၏။


ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။


လူသား​သည် ပျောက်သောသူ​ကို ကယ်တင်​ရန် ကြွလာခြင်း​ဖြစ်၏။


သို့သော် သင့်​ညီငယ်​သည် ယခင်​က​သေဆုံး​၍ ယခု​အသက်​ပြန်ရှင်လာ၏၊ ယခင်က​ပျောက်ဆုံး​၍ ယခု​ပြန်တွေ့ရ​သောကြောင့် သူ့​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


တစ်နည်းဆိုသော် အမျိုးသမီး​တစ်ဦး​၌ ငွေ​ဒင်္ဂါး​ဆယ်ပြား​ရှိ​၍ ထို​အထဲ​မှ တစ်ပြား​ပျောက်သွား​ပါက သူ​သည် ဆီမီးခွက်​ကို​ထွန်း​၍ အိမ်​အခန်းထောင့်​ရှိသမျှတို့​ကို လှည်းကျင်းပြီး ပြန်တွေ့သည်​အထိ ဂရုတစိုက်​ရှာဖွေမည် မဟုတ်လော။


ဘုရားသခင်​သည် မိမိ​၏ သားတော်​ကို လောက​သို့ စေလွှတ်တော်မူသည်​မှာ လောကီသားတို့​ကို အပြစ်စီရင်​ရန် မဟုတ်။ လောကီသားတို့​ကို သားတော်​အားဖြင့် ကယ်တင်​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​အားကိုးရာမဲ့ ဖြစ်​လျက်​ရှိနေကြ​စဉ် အချိန်တန်​၍ ခရစ်တော်​သည် ဘုရားတရားမဲ့သူများ​အတွက် အသေခံတော်မူ၏။


ထို့ကြောင့် ကိုယ်တော်​သည် မိမိ​ကို​အမှီပြု​၍ ဘုရားသခင်​ထံသို့ ချဉ်းကပ်လာ​သူများ​ကို အပြည့်အဝ​ကယ်တင်​နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် သူတို့​အတွက် အသနားခံပေး​ရန် ထာဝရ​အသက်ရှင်နေ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ