ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ရှင်မာကု 15:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းက တစ်ဖန် “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မူကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်၍ မေးပြန်သော် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်ကြ၏။ Common Language Bible ပိလတ်မင်းက ``အဘယ်ကြောင့်နည်း။ သူသည် အဘယ်အပြစ်ကိုကူးလွန်သနည်း'' ဟုမေး၏။ လူတို့သည် ``ထိုသူကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်ပါ'' ဟုပို၍ပင်ကျယ်စွာဟစ်အော်ကြ၏။ Garrad Bible ပိ လတ် မင်း က လည်း အ ဘယ် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း ဟု မေး ပြန် ရာ ကား တင် ပါ ဟု အ လွန် ပြင်း စွာ ဟစ် ကြ သ ဖြင့်၊ Judson Bible ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။ မြန်မာ ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။- |
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
“ကျွန်ုပ်သည် အပြစ်ကင်းသောသူကို သစ္စာဖောက်၍ အပြစ်ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထိုသူတို့က “ဤကိစ္စသည် ငါတို့နှင့် မည်သို့ဆိုင်သနည်း။ သင့်ကိစ္စကို သင်ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
ထိုအခါ ပိလတ်မင်းသည် လူထုကို စိတ်ကျေနပ်စေရန် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
သို့ရာတွင် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟူ၍သာ ဟစ်အော်ကြ၏။
ထိုအခါ ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် လူထုတို့အား “ဤလူထံတွင် မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆိုလေ၏။
ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း” ဟု မေး၏။ ထို့နောက် ပိလတ်မင်းသည် ဂျူးလူမျိုးများရှိရာ အပြင်သို့ တစ်ဖန်ထွက်၍ “ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဗိမာန်တော်အစောင့်များသည် ယေရှုကို မြင်သောအခါ “လက်ဝါးကပ်တိုင်တွင် သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟူ၍ အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကို ခေါ်သွား၍ လက်ဝါးကပ်တိုင်တွင် သတ်ကြလော့။ သူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆို၏။
ထိုအရှင်ထံတွင် သေဒဏ်ပေးထိုက်သောပြစ်ချက်ကို မတွေ့ရသော်လည်း သေဒဏ်ပေးရန် ပိလတ်မင်းအားတောင်းဆိုကြ၏။
သို့သော် သူသည် ဂျူးလူမျိုးဖြစ်သည်ကို လူအစုအဝေးတို့က သတိပြုမိလာကြသောအခါ “ဧဖက်မြို့၏အာတေမိနတ်ဘုရားမသည် ကြီးမြတ်၏” ဟု နှစ်နာရီခန့်မျှ တစ်သံတည်းဖြင့် ကြွေးကြော်ကြ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။