ရှင်မာကု 15:14 - Common Language Bible14 ပိလတ်မင်းက ``အဘယ်ကြောင့်နည်း။ သူသည် အဘယ်အပြစ်ကိုကူးလွန်သနည်း'' ဟုမေး၏။ လူတို့သည် ``ထိုသူကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်ပါ'' ဟုပို၍ပင်ကျယ်စွာဟစ်အော်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ပိ လတ် မင်း က လည်း အ ဘယ် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း ဟု မေး ပြန် ရာ ကား တင် ပါ ဟု အ လွန် ပြင်း စွာ ဟစ် ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible14 ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ပိလတ်မင်းက တစ်ဖန် “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မူကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်၍ မေးပြန်သော် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ14 ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။-
သူသည်ရာဇဝတ်မှုတစ်စုံတစ်ရာကိုမျှ ကူးလွန်ခဲ့ဖူးသည်မရှိ။ မုသားကိုလည်းအဘယ်အခါ၌မျှမသုံး စွဲခဲ့။ သို့ရာတွင်သူသည်ငါတို့အမျိုးသားတို့ ၏ အပြစ်များအတွက်သေဒဏ်စီရင်ခြင်းကို ခံရ၍၊ ရာဇဝတ်ကောင်များနှင့်အတူသင်္ဂြိုဟ်ခြင်း ကိုလည်းကောင်း၊ သူဌေးသူကြွယ်များနှင့်အတူမြှုပ်နှံခြင်း ကိုလည်းကောင်းခံရလေသည်။''
ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။