လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
ရှင်မာကု 10:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဤဘဝ၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့်တကွ အဆတစ်ရာမျှသော အိမ်များ၊ မြေများ၊ ညီအကိုမောင်နှမများ၊ မိခင်များ၊ သားသမီးများကို ရရှိလိမ့်မည်။ ထို့ပြင် နောင်ဘဝတွင်လည်း ထာဝရအသက်ကို ရရှိလိမ့်မည်။ Common Language Bible ဤဘဝ၌ညှဉ်းဆဲခြင်းနှင့်တကွအဆတစ်ရာ မျှသော အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သား သမီးများကိုရရှိလိမ့်မည်။ ထို့ပြင်နောင်ဘဝ ၌ထာဝရအသက်ကိုရလိမ့်မည်။- Garrad Bible ယ ခု ကာ လ တွင် ညှဉ်း ပန်း ခြင်း နှင့် တ ကွ ညီ အစ် ကို၊ မောင် နှ မ၊ အ မိ၊ သား သ မီး၊ အိမ်၊ မြေ အ ဆ တစ် ရာ ကို လည်း ကောင်း၊ နောင် ဘ ဝ တွင် ထာ ဝ ရ အ သက် ကို လည်း ကောင်း မ ရ ဘဲ နေ ရ သူ မ ရှိ ငါ အ မှန် ဆို ၏။ Judson Bible ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ယခုဘဝ၌ ညှဉ်းဆဲခြင်းများပါလျက် အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။ မြန်မာ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- |
လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏။
ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ဦးစွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သော အရာအားလုံးကို ပေးတော်မူလိမ့်မည်။
ထိုသူသည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက နောင်ဘဝတွင်လည်း ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
သန်းခေါင်အချိန်တွင် ပေါလုနှင့် သိလတို့သည် ဘုရားသခင်ထံ ဆုတောင်း၍ ဓမ္မသီချင်းများကို သီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း နားထောင်နေကြ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
ကျွန်ုပ်တို့ကို ချစ်၍ ကျေးဇူးတော်ဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ခိုင်မြဲသောမျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်
ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။
သို့သော် ရောင့်ရဲစိတ်ဖြင့် ဘုရားတရားကိုင်းရှိုင်းခြင်းသည် ကြီးမားသောအကျိုးစီးပွားပင် ဖြစ်၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
အဆုံးတိုင်အောင် စိတ်ရှည်သည်းခံသောသူတို့သည် မင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူဆ၏။ ယောဘ၏စိတ်ရှည်သည်းခံမှုအကြောင်းကို သင်တို့အားလုံး ကြားကြပြီ။ ထာဝရဘုရားသည် သနားကြင်နာခြင်းနှင့် ကရုဏာအပြည့်ရှိသောကြောင့် အဆုံးတွင် ယောဘကို မည်သို့ကြည့်ရှုသည်ကိုလည်း သင်တို့သိကြပြီ။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။
‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။