Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သို့သော် ရောင့်ရဲစိတ်​ဖြင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​သည် ကြီးမားသော​အကျိုးစီးပွား​ပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ငါ​တို့​သည်​ရှိ​သ​မျှ​ဖြင့်​တင်း​တိမ်​ရောင့်​ရဲ တတ်​ကြ​ပါ​မူ ဘာ​သာ​ရေး​မှ​ကြီး​မား​သော အ​မြတ်​အ​စွန်း​ကို​အ​မှန်​ပင်​ရ​ရှိ​နိုင်​ကြ ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 မု ချ အား ဖြင့် ရောင့် ရဲ ခြင်း ရှိ လျှင် ဘု ရား ကြည် ညို ဝတ်၌ ကြီး စွာ သော အ ကျိုး စီး ပွား ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:6
23 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူတို့​အား “သတိပြုလော့။ အမျိုးမျိုးသော လောဘ​တို့​ကို သတိ​နှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး​၏​အသက်​သည် စည်းစိမ်​ကြွယ်ဝချမ်းသာမှု​ပေါ်တွင် မူတည်သည်​မဟုတ်” ဟု မိန့်တော်မူ၏။


ရောမ​စစ်သားများ​ကလည်း “ကျွန်ုပ်တို့​သည် မည်သို့​ပြု​ရမည်နည်း” ဟု မေးမြန်းကြ၏။ ယောဟန်​က “မည်သူ့​ထံမျှ ငွေ​ကို ခြိမ်းခြောက်​၍ မတောင်းယူနှင့်။ သူတစ်ပါး​ကို မတရား​မစွပ်စွဲနှင့်။ မိမိ​ရသော​လစာ​နှင့် ရောင့်ရဲကြလော့” ဟု ဆို၏။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်တို့ ခဏတာ​ခံရသည့် ပေါ့ပါးသော​ဆင်းရဲဒုက္ခ​သည် ကျွန်ုပ်တို့​အတွက် အလွန်​ထူးမြတ်သော ထာဝရ​ဘုန်းအသရေ​ကို ဖြစ်ပွားစေ၏။


ကျွန်ုပ်​အတွက်​ဆိုရ​လျှင် အသက်ရှင်ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်၏။ သေခြင်း​ဖြစ်လျှင် ပို၍ အကျိုး​ရှိ၏။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


ထို့ကြောင့် စားစရာ​နှင့် ဝတ်စရာ ရှိ​လျှင် ထို​အရာတို့​နှင့် ရောင့်ရဲကြ​ရမည်။


အသက်ရှင်​နေထိုင်ရာ​တွင် ငွေ​မမက်ဘဲ ရှိသည့်​အရာ​နှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​က “ငါ​သည် သင်တို့​ကို မည်သည့်​အခါမျှ ထားခဲ့မည်​မဟုတ်။ မည်သည့်​အခါမျှ စွန့်ပစ်မည်​မဟုတ်” ဟု မိန့်တော်မူခဲ့​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ