ရှင်မာကု 10:30 - Common Language Bible30 ဤဘဝ၌ညှဉ်းဆဲခြင်းနှင့်တကွအဆတစ်ရာ မျှသော အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သား သမီးများကိုရရှိလိမ့်မည်။ ထို့ပြင်နောင်ဘဝ ၌ထာဝရအသက်ကိုရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible30 ယ ခု ကာ လ တွင် ညှဉ်း ပန်း ခြင်း နှင့် တ ကွ ညီ အစ် ကို၊ မောင် နှ မ၊ အ မိ၊ သား သ မီး၊ အိမ်၊ မြေ အ ဆ တစ် ရာ ကို လည်း ကောင်း၊ နောင် ဘ ဝ တွင် ထာ ဝ ရ အ သက် ကို လည်း ကောင်း မ ရ ဘဲ နေ ရ သူ မ ရှိ ငါ အ မှန် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ထိုသူသည် ယခုဘဝ၌ ညှဉ်းဆဲခြင်းများပါလျက် အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း30 သူသည် ဤဘဝ၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့်တကွ အဆတစ်ရာမျှသော အိမ်များ၊ မြေများ၊ ညီအကိုမောင်နှမများ၊ မိခင်များ၊ သားသမီးများကို ရရှိလိမ့်မည်။ ထို့ပြင် နောင်ဘဝတွင်လည်း ထာဝရအသက်ကို ရရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ30 ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-