Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 6:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ဘုရားသခင်​၏ နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​ကို ဦး​စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့​လိုအပ်သော အရာ​အားလုံး​ကို ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:33
51 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​နိုင်ငံတော်​ကို ဦး​စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့​လိုအပ်သော အရာ​အားလုံး​ကို ပေးတော်မူ​လိမ့်မည်။


ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။


ငါ့​အတွက်​ကြောင့် မိမိ​အိမ်များ၊ မြေများ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ​ကို စွန့်လွှတ်သောသူတို့​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်။


သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်​အကြောင်းအရာများ​ကို ထောက်​၍ မည်သို့​ဆိုရမည်နည်း။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ဘက်​၌ ရှိတော်မူ​လျှင် မည်သူ​သည် ကျွန်ုပ်တို့​ကို ဆန့်ကျင်​နိုင်မည်နည်း။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မည်သို့​ဖြောင့်မတ်​စေတော်မူကြောင်း ထို​သတင်းကောင်း​က ဖော်ပြ၏။ ထိုသို့​ဖြောင့်မတ်​ရန် ယုံကြည်ခြင်း​နှင့် စတင်​၍ ယုံကြည်ခြင်း​နှင့် အဆုံးသတ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


ထို​အချိန်​မှ​စ​၍ ယေရှု​က “ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် နောင်တရကြလော့” ဟု စတင်​ဟောပြောတော်မူ၏။


“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


ဤ​အရာ​သည် ဘုရားသခင်​၏ တရားစီရင်တော်မူခြင်း​က တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထား​ဖြစ်ပြီး ထိုသို့ ဘုရားသခင်​၏ နိုင်ငံတော်​အတွက် ဆင်းရဲ​ဒုက္ခ​ခံရ​သောကြောင့် ထို​နိုင်ငံတော်​နှင့် ထိုက်တန်သည်​ဟု သတ်မှတ်ခံရ​ရန် ရည်ရွယ်၏။


ထို​သူတို့​သည် ဘုရားသခင်​က ဖြောင့်မတ်သည်​ဟု သတ်မှတ်ပေး​တော်မူသော နည်းလမ်း​ကို နားမလည်​သောကြောင့် ထို​နည်းလမ်း​ကို မလိုက်ဘဲ မိမိတို့​၏​ကိုယ်ပိုင် လမ်းစဉ်​ကို လိုက်ကြ၏။


ပေါလု​သည် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​နှင့် သခင်​ယေရှု​ခရစ်တော်​အကြောင်း​ကို အတားအဆီး​မရှိဘဲ ရဲရင့်​စွာ​ဟောပြော​သွန်သင်​လျက် နေလေ၏။ ရှင်လုကာ​ရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။


ထို့နောက် ဘုရားသခင်​သည် သင်တို့​အား ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ထာဝရ​နိုင်ငံတော်​ထဲသို့ ဝင်ရောက်ခွင့်​ကို အပြည့်အဝ​ပေးသနားတော်မူ​လိမ့်မည်။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ဇာခရိ​နှင့် ဧလိရှဗက်​တို့​သည် ထာဝရဘုရား​၏​ပညတ်တော်​အပေါင်း​နှင့် ပြဋ္ဌာန်းထားသော​စည်းမျဉ်းများ​ကို အပြစ်ဆိုဖွယ်​မရှိအောင် လိုက်နာကြ၏။ သူတို့​သည် ဘုရားသခင်​က မှန်ကန်​ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူခြင်း​ကို​ခံရသူများ ဖြစ်ကြ၏။


ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ပေတရု​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။


ယခု​မှာ ကျွန်ုပ်​ဟောပြောသည့် နိုင်ငံတော်​အကြောင်း​ကို ကြားခဲ့ရသော သင်တို့​ရှိသမျှ​သည် နောက်တစ်ဖန် ကျွန်ုပ်​မျက်နှာ​ကို မြင်ကြ​ရမည်​မဟုတ်ကြောင်း​ကို ကျွန်ုပ်​သိ၏။


ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အရာ​အားလုံး​ကို အသစ်ပြုပြင်သော​အချိန်​တွင် လူသား​သည် မိမိ​၏ ဘုန်းတော်​နှင့်​ပြည့်စုံသော ရာဇ​ပလ္လင်​ပေါ်တွင် ထိုင်​လိမ့်မည်။ ထိုအခါ ငါ့​နောက်သို့ လိုက်ကြသော​သင်တို့​သည် ရာဇပလ္လင်​ဆယ့်နှစ်ခု​ပေါ်တွင် ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


ထိုသို့ စောင့်နေရခြင်း​မှာ ဘုရားသခင်​၏ ကောင်းကင်တမန်​တစ်ပါး​သည် အချိန်တန်​လျှင် ရေကန်​သို့​ဆင်း​၍ ရေ​ကို လှုပ်ရှားစေတတ်​သောကြောင့်​ဖြစ်၏။ ရေ​လှုပ်ရှား​ပြီးနောက် ရေ​ထဲသို့ အဦးဆုံး​ဆင်းနိုင်သူ​သည် မိမိ​ခံစားရ​သမျှသော ရောဂါများ​မှ ကင်းလွတ်တတ်၏။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ