အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 10:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​သည် ထို​သူ​ကို ကြည့်​လျက် မေတ္တာထားတော်မူ​သဖြင့် “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သွားလော့။ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယေ ရှု သည် ထို သူ့ ကို ရှု ကြည့် နှစ် သက် လျက် စ ရိုက် တစ် ပါး လို သေး သည်။ သွား၍ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ဘ ဏ္ဍာ ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယေရှု​သည် ထို​သူ​ကို​စူးစိုက်​ကြည့်​လျက် သူ့​အပေါ်​မေတ္တာ​ထား​၍“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​တို့​ကို သွား​၍​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား​ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည်​ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 10:21
29 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


ယေရှု​က “သင်​သည် ပြည့်စုံ​လို​ပါက သွား​၍ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


သို့သော် ထို​သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် မျက်နှာညိုး​၍ စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။


ထို့နောက် ယေရှု​က တပည့်တော်တို့​နှင့်တကွ လူထုပရိသတ်​အား ခေါ်တော်မူ​ပြီးလျှင် “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


လိုအပ်သော​အရာ တစ်ခုတည်း​ရှိ၏။ မာရိ​သည် ထို​ကောင်းမြတ်သော​အရာ​ကို ရွေးချယ်ပြီ။ ထို​အရာ​ကို သူ့​ထံ​မှ မည်သူ​မျှ မယူဆောင်နိုင်ပါ” ဟု ပြန်​၍ မိန့်တော်မူ၏။


သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ လောကီ​စည်းစိမ်များ​အားဖြင့် မိတ်ဆွေ​ရ​ရန် လုပ်ဆောင်ကြလော့။ ထို​စည်းစိမ်များ ကုန်ဆုံး​သောအခါ သင်တို့​ကို ထာဝရ​တည်သော​နေရာ​၌ လက်ခံကြိုဆိုကြ​လိမ့်မည်။


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ဂျေရုဆလင်မြို့​နှင့် နီးလာ​သောအခါ ယေရှု​သည် မြို့တော်​ကို​မြင်​၍ ငိုကြွေးတော်မူ​လျက်


ထို့နောက် ပရိသတ်​အပေါင်းတို့​အား “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


သူတို့​သည် မိမိတို့​ပိုင်ဆိုင်သော​ဥစ္စာပစ္စည်းတို့​ကို ရောင်းချ​၍ ရရှိသော​အကျိုးအမြတ်များ​ကို လိုအပ်နေသော​သူ​အပေါင်းတို့​အား ဝေငှပေးကမ်းကြ၏။


ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​၏​စိတ်ဝိညာဉ်​အတွက် ကျွန်ုပ်​၌ ရှိသမျှသော​ငွေကြေးဥစ္စာများ​နှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်​သည် သင်တို့​အပေါ် ဤမျှ​မေတ္တာထား​လျှင် ကျွန်ုပ်​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​သည် လျော့ပါး​သွားမည်လော။


အမှန်ပင် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ဘုရားတရား​ကိုင်းရှိုင်း​လျက် နေထိုင်​လိုသူ​တိုင်း ညှဉ်းပန်း​နှိပ်စက်​ခံရ​လိမ့်မည်။


သင်တို့​သည် အကျဉ်းကျ​နေသူများ​အပေါ် စာနာစိတ်​ထားကြ၏။ ဥစ္စာပစ္စည်းများ​ကို အဓမ္မ​လုယူခံရ​သော်လည်း ဝမ်းမြောက်​စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထို​အရာများ​ထက် ပိုမို​ကောင်းမြတ်ပြီး ထာဝရ​တည်မြဲသော​အရာများ​ကို ပိုင်ဆိုင်ထားသည်​ကို သိကြ​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​သော်လည်း ပညတ်ချက်​တစ်ခု​ကို မလိုက်နာ​လျှင် အလုံးစုံတို့​ကို ချိုးဖောက်ရာ​ရောက်​သောကြောင့်​ဖြစ်၏။


သို့ရာတွင် ငါ​သည် သင့်​အား အပြစ်​ပြောစရာ အနည်းငယ်​ရှိ၏။ သင်တို့​တွင် မှားယွင်းသည့်​ပရောဖက်​ဗာလမ်​၏ သွန်သင်ချက်​ကို လိုက်နာသော​သူများ​ရှိကြ၏။ အစ္စရေး​လူမျိုးတို့​သည် ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​ကို စား​ရန်​လည်းကောင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း အစ္စရေး​လူမျိုးတို့​ရှေ့မှောက်​၌ တိုက်မိ​စရာ ဆူးငြောင့်ခလုတ်​ကို​ချထား​ရန် ဗာလမ်​သည် ဗာလက်မင်း​အား သွန်သင်ခဲ့၏။


သို့သော်လည်း ငါ​သည် သင့်​အား အပြစ်​ပြောစရာ တစ်ခု​ရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မ​ဟု​ဆိုသော​ယေဇဗေလ​အမည်​ရှိသည့် အမျိုးသမီး​ကို သင်​ခွင့်ပြုထားခဲ့၏။ သူ​သည် ငါ​၏​အစေခံများ​အား တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း၊ ရုပ်တု​အား ပူဇော်သည့်​အစားအစာများ​ကို​စား​ရန်​လည်းကောင်း သွန်သင်​၍ လမ်းမှားစေခဲ့၏။


သို့သော် သင်​သည် အစဦး​၌ ချစ်​သကဲ့သို့ ယခု မချစ်တော့​သဖြင့် သင့်​အား အပြစ်​ပြောစရာ​ရှိ၏။