Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 10:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 လိုအပ်သော​အရာ တစ်ခုတည်း​ရှိ၏။ မာရိ​သည် ထို​ကောင်းမြတ်သော​အရာ​ကို ရွေးချယ်ပြီ။ ထို​အရာ​ကို သူ့​ထံ​မှ မည်သူ​မျှ မယူဆောင်နိုင်ပါ” ဟု ပြန်​၍ မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 သင့်​မှာ​လို​သော​အ​ရာ​တစ်​ခု​ရှိ​၏။ မာ​ရိ​သည် ကောင်း​မြတ်​သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ ထို​အ​ရာ​ကို​သူ့​ထံ​မှ​အ​ဘယ်​သူ​မျှ​ယူ​၍ ရ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 မာ ရိ မှာ မူ ကောင်း မြတ် သော တ မည် ကို ရွေး ယူ ပြီး ဖြစ်၍ လွတ် ရ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သို့သော် လိုအပ်​သော​အရာ​သည် တစ်ခုတည်း​ရှိ​၏။ မာရိ​သည် ထို​ကောင်းမြတ်​သည့်​အပိုင်း​ကို ရွေးချယ်​ပြီ​ဖြစ်၍ ၎င်း​ကို သူ့​ထံမှ​မ​နုတ်​မ​ပယ်​ရာ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 10:42
36 ပူးပေါင်းရင်းမြစ်များ  

လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။


မာသ​တွင် မာရိ​ဟု ခေါ်သော ညီမ​တစ်ဦး​ရှိ၏။ မာရိ​သည် ယေရှု​၏​ခြေတော်ရင်း​၌ ထိုင်​လျက် ဟောပြော​သမျှ​ကို နားထောင်လေ၏။


တစ်ခါက ယေရှု​သည် တစ်နေရာ​တွင် ဆုတောင်း​လျက်​နေတော်မူ၏။ ဆုတောင်းတော်မူ​ပြီးနောက် တပည့်တော်များ​ထဲမှ တစ်ဦး​က “သခင်… ယောဟန်​သည် သူ​၏​တပည့်များ​ကို ဆုတောင်း​ရန် သင်ပေး​သကဲ့သို့ ကျွန်ုပ်တို့​ကို​လည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။


သို့ရာတွင် ဘုရားသခင်​က ‘အို လူမိုက်… ယနေ့ည​ပင် သင်​သည် သေရ​လိမ့်မည်။ သို့ဖြစ်လျှင် သင်​ပြင်ဆင်ထား​သမျှသော စည်းစိမ်ဥစ္စာများ​သည် မည်သူ့​အတွက် ဖြစ်မည်နည်း’ ဟု မိန့်တော်မူ၏။


သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။


ထိုအခါ သူဌေး​သည် သူ့​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြားရသည်​မှာ မည်သို့နည်း။ သင်​မှတ်ထားသော ငွေစာရင်းများ​ကို ငါ့​အား​ပေးလော့။ သင့်​ကို စီမံခန့်ခွဲသူ​နေရာ​တွင် ဆက်​၍ ခန့်ထား​နိုင်တော့မည်​မဟုတ်’ ဟု ပြောလေ၏။


သို့ရာတွင် အာဗြဟံ​က ‘ငါ့​သား… သင်​အသက်ရှင်စဉ်​ဘဝ​တွင် ကောင်းမွန်သော​အရာများ​ကို ခံစားခဲ့ရပြီး လာဇရု​မှာ မကောင်းသော​အရာများ​ကိုသာ ခံစားခဲ့ရသည်​ကို သတိရလော့။ ထို့ကြောင့် သူ​သည် ဤ​နေရာ​တွင် သက်သာခြင်း​ကို ခံစားရ​၍ သင်​သည် ပြင်းထန်​စွာ ဝေဒနာ​ခံစားရ၏။


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ထို့နောက် သင်တို့​သည် မည်သို့​ကြားနာသည်​ကို သတိပြုကြလော့။ ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေးတော်မူ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌ ရှိသည်​ဟု ထင်ရသော​အရာ​ကိုပင် သိမ်းယူတော်မူ​လိမ့်မည်” ဟု မိန့်တော်မူ၏။


လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။


ဂျူး​လူမျိုး​များစွာ​သည်လည်း မောင်​ဖြစ်သူ​ကို ဆုံးရှုံးသော မာသ​နှင့်​မာရိ​တို့​ကို နှစ်သိမ့်​ရန် လာကြ၏။


ထို​အချိန်​တွင် မာရိ​သည် အလွန်​တန်ဖိုး​ကြီးသော နာဒု​ဆီမွှေး​အစစ် နှစ်ဆယ်သား​ကို ယူလာ​၍ ယေရှု​၏​ခြေတော်​ကို လိမ်း​ပြီးလျှင် မိမိ​ဆံပင်​ဖြင့် သုတ်၏။ တစ်အိမ်လုံး​သည်လည်း ထို​ဆီမွှေး​ရနံ့​ဖြင့် မွှေးကြိုင်လေ၏။


ထာဝရ​အသက်​ဟူသည်​မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်​ဘုရား​ဖြစ်တော်မူသော ကိုယ်တော်​ကို သိကျွမ်းခြင်း​နှင့် ဤ​လောက​သို့ ကိုယ်တော်​စေလွှတ်တော်မူသော ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ပင်​ဖြစ်ပါ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


ကျွန်ုပ်​သည် ကိုယ်​ပိုင်ဆိုင်သော​ဥစ္စာပစ္စည်း​ရှိသမျှ​ကို ဆင်းရဲသားတို့​အား လှူဒါန်းသည်​သာမက ကျွန်ုပ်​၏ ကိုယ်ခန္ဓာ​ကို မီးရှို့​စေရန် ပုံအပ်​သော်လည်း မေတ္တာ​မရှိ​လျှင် ကျွန်ုပ်​အတွက် မည်သည့်​အကျိုး​မျှ မရှိပေ။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ