ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ရောမ 8:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။ Common Language Bible ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။ Garrad Bible သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။ Judson Bible သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။ |
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
သို့ဖြစ်၍ ယခု ကျွန်ုပ်သည် သင်တို့အား ဘုရားသခင်ထံတော်သို့လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့်ဆိုင်သော တရားတော်သို့လည်းကောင်း အပ်နှံပါ၏။ ထိုတရားတော်သည် သင်တို့ကို ဆောက်တည်ပေးနိုင်စွမ်းနှင့် သန့်ရှင်းစေတော်မူခြင်းခံရသောလူအပေါင်းတို့နှင့်အတူ သင်တို့ကို အမွေပေးနိုင်စွမ်းရှိ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
လူတစ်ဦးဖြစ်သော အာဒံ၏အပြစ်ကြောင့် လူများစွာကို သေခြင်းတရားက အုပ်စိုးလျှင် လူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြွယ်ဝသောဆုကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဟူသော လက်ဆောင်ကို လက်ခံရရှိသူအပေါင်းတို့က အသက်ရှင်လျက် ပို၍ပင် အုပ်စိုးကြလိမ့်မည်။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
ထိုအရာမှာ ကျမ်းစာ၌ “မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊ လူ့စိတ်ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ခရစ်တော်ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခသည် များပြားလှသည်နည်းတူ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှုသည်လည်း များပြားလှ၏။
သင်တို့ ဆက်လက်၍ သည်းခံနိုင်မည်ဟု ကျွန်ုပ်တို့ ခိုင်မြဲစွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့နှင့်အတူ မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ကို ကျွန်ုပ်တို့ သိသောကြောင့်ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
သို့ဖြစ်၍ သင်တို့သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်ကြပြီ။ သားဖြစ်သောကြောင့် ဘုရားသခင်သည် သင်တို့အား အမွေခံဖြစ်စေတော်မူ၏။
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် သတင်းကောင်းကို ယုံကြည်သောကြောင့် ဂျူးလူမျိုးတို့နှင့် အတူတကွ အမွေခံဖြစ်ခြင်း၊ ကိုယ်ခန္ဓာတစ်ခုတည်း၌ ဂျူးလူမျိုးတို့နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှုခရစ်တော်ကြောင့် ရရှိသော ကတိတော်ကို ဂျူးလူမျိုးတို့နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ကျွန်ုပ်သည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကို ရရှိခံစားခြင်း၊ ကိုယ်တော်ကဲ့သို့ အသေခံ၍ ကိုယ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားခြင်းတို့ကိုသာ အလိုရှိ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
ဤသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရအသက်ကို အမွေခံနိုင်ရန်ဖြစ်၏။
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကတိထားတော်မူသောအရာကို ရရှိမည့်သူများအား ဖော်ပြရန် သစ္စာဆို၍ အာမခံတော်မူ၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေကိုလည်း ရရှိစေတော်မူ၏။ ဤအမွေကို သင်တို့အတွက် ကောင်းကင်ဘုံ၌ ထိန်းသိမ်းထား၏။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။