ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ရောမ 8:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ထိုဝိညာဉ်တော် ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ Common Language Bible ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။- Garrad Bible ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။ Judson Bible ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ |
ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ထပ်မံ၍လည်း သေဆုံးကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။ သူတို့သည် သေရာမှပြန်ရှင်ခွင့်ကို ခံစားရမည့် သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်၏သားသမီးများလည်း ဖြစ်ကြ၏။
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
ကျွန်ုပ်တို့သည် ထိုအကြောင်းအရာများ၏အသိသက်သေများဖြစ်ကြ၏။ ထိုအရှင်ကို နာခံသောသူတို့အား ဘုရားသခင်ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။
ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်လမ်းပြမှုကို ခံယူသောသူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနည်းသောအရာ၌ ကူညီမစတော်မူ၏။ ဥပမာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်ဆုကို တောင်းစေလိုသည်ကို ကျွန်ုပ်တို့မသိ။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ဖော်ပြ၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသောစကားတို့ဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးတော်မူ၏။
ထို့ပြင် ‘သင်တို့သည် ငါ့လူမျိုးမဟုတ်’ ဟု ပြောဆိုခံခဲ့ရသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးများ’ ဟု အခေါ်ခံရကြလိမ့်မည်” ဟူ၍ ဖြစ်၏။
ဆိုလိုသည်မှာ အာဗြဟံ၏သွေးသားအားဖြင့် မွေးဖွားလာသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်မဟုတ်။ ဘုရားသခင်၏ကတိတော်အတိုင်း မွေးဖွားလာသောသားသမီးသာလျှင် အာဗြဟံ၏ သားသမီးအစစ်အမှန် ဖြစ်ကြ၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ထိုဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိပိုင်သော လူများအဖြစ် တံဆိပ်ခတ်နှိပ်တော်မူ၍ ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို စရန်အဖြစ် သွင်းပေးတော်မူ၏။
ဤသို့အစားထိုးနိုင်ရန်အတွက် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ဝိညာဉ်တော်ကို စရန်အဖြစ် ပေးတော်မူသောဘုရားဖြစ်၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။