Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 6:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ငါ​သည် သင်တို့​၏ အဖ​ဖြစ်မည်။ သင်တို့​သည် ငါ​၏ သားသမီးများ​ဖြစ်ကြ​လိမ့်မည်” ဟု အနန္တ​တန်ခိုးရှင် ထာဝရဘုရား​မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ငါ​သည်​သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည် လည်း​ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သင် တို့ အ ဘ ဖြစ် မည်။ သင် တို့ လည်း ငါ့ သား သ မီး များ ဖြစ် ကြ လိမ့် မည် ဟု အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘုရား ဗျာ ဒိတ် တော် ရှိ ပြန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သင်​တို့၏​အ​ဘ ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​သား​သ​မီး ဖြစ်​ကြ​လိမ့်​မည်​ဟု အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင်​တို့​၏​အဖ​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​ဘုရား​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 6:18
21 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ထို​အရှင်​သည် မိမိ​ကို​ယုံကြည်​၍ လက်ခံ​သမျှသော​သူတို့​ကို ဘုရားသခင်​၏ သားသမီးများ​ဖြစ်ခွင့် ပေးတော်မူ၏။


ဘုရားသခင်​၏ သားသမီးများ​မှာ မည်သူတို့​ဖြစ်ကြောင်း ဖော်ပြတော်မူမည့်​နေ့ရက်​ကို ဖန်ဆင်းခံ​လောက​သည် အလွန်​တောင့်တ​မျှော်လင့်​လျက် ရှိ၏။


ဘုရားသခင်​သည် မိမိ​လူတို့​ကို ကြိုတင်​သိတော်မူ​၍ ထို​သူတို့​ကို မိမိ​သားတော်​ကဲ့သို့ ဖြစ်လာ​စေရန် ရွေးချယ်တော်မူ၏။ ဤသို့​ပြုတော်မူသည်​မှာ ညီအစ်ကို​မောင်နှမ​များစွာ​ထဲတွင် ခရစ်တော်​ကို သားဦး​ဖြစ်​စေရန်​ပင် ဖြစ်၏။


သင်တို့​အားလုံး​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ​သောကြောင့် ဘုရားသခင်​၏ သားသမီးများ ဖြစ်ကြ၏။


ယေရှု​ခရစ်တော်​အားဖြင့် မိမိ​၏​သားသမီး​အဖြစ် ကြိုတင်​သတ်မှတ်တော်မူ၏။ ဤ​အရာ​သည် ဘုရားသခင် နှစ်သက်တော်မူသော​အရာ​နှင့် အလိုရှိတော်မူသော​အရာ​ပင် ဖြစ်၏။


ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။


မြို့​ထဲ၌ ဗိမာန်တော်​ကို ကျွန်ုပ်​မမြင်ရ။ အဘယ်ကြောင့်ဆိုသော် အနန္တ​တန်ခိုးရှင် ဘုရားသခင်​နှင့် သိုးသငယ်တော်​သည် မြို့​၏​ဗိမာန်​ဖြစ်တော်မူ​သောကြောင့်​ပင်။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ