Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 8:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ထို​ကဲ့သို့​ပင် သန့်ရှင်းသော​ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​အားနည်းသော​အရာ​၌ ကူညီ​မစတော်မူ၏။ ဥပမာ ဘုရားသခင်​သည် ကျွန်ုပ်တို့​အား မည်သည့်​ဆု​ကို တောင်းစေလိုသည်​ကို ကျွန်ုပ်တို့​မသိ။ ထိုအခါ သန့်ရှင်းသော​ဝိညာဉ်တော်​သည် ဖော်ပြ​၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသော​စကားတို့​ဖြင့် ကျွန်ုပ်တို့​အတွက် ကိုယ်စားပြု​ဆုတောင်းပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 8:26
33 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ​မှာ သင်တို့​မဟုတ်ဘဲ သင်တို့​အဖ​၏​ဝိညာဉ်တော်​သည် သင်တို့​အားဖြင့် ပြောဆိုနေမည်​ဖြစ်၏။


ယေရှု​က “သင်တို့​သည် မည်သည့်​အရာ တောင်းသည်​ကို သင်တို့​မသိကြ။ ငါ​သောက်မည့်​ဒုက္ခဝေဒနာ​ခွက်​ကို သင်တို့​သောက်နိုင်မည်လော” ဟု ထို​သား​နှစ်ဦး​အား မေးတော်မူ​လျှင် သူတို့​က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။


ယေရှု​သည် ပြင်းစွာသော ဝေဒနာ​ကို​ခံလျက် စိတ်အားပြင်းပြ​စွာ ဆုတောင်း​သဖြင့် ချွေးစက်တော်​သည် သွေးစက်​သဖွယ် မြေ​ပေါ်သို့​ကျလေ၏။


ငါ​သည် ခမည်းတော်​ထံ တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် သင်တို့​အား ကူညီမစ​မည့် အခြား​အရှင်​တစ်ပါး​ကို စေလွှတ်တော်မူ​လိမ့်မည်။ ထို​အရှင်​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိ​လိမ့်မည်။


ယုံကြည်ခြင်း​အားကြီးသော ကျွန်ုပ်တို့​သည် မိမိတို့​စိတ်ကြိုက်​မပြုမူဘဲ အားနည်းသော​သူတို့​၏ အားနည်းချက်များ​ကို ထောက်ထား​ညှာတာ​ရမည်။


ဪ… စိတ်ပျက်ဖွယ်​ကောင်းလေစွ။ သေခြင်းတရား​ကြီးစိုးသော ဤ​ဘဝ​မှ ကျွန်ုပ်​ကို မည်သူ​ကယ်တင်မည်နည်း။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကြောက်ရွံ့တတ်သော ကျွန်​၏​သဘော​ကို ပြန်​၍ ရရှိကြသည် မဟုတ်။ သားသမီး​ဖြစ်ခွင့် ပေးသော ဘုရားသခင်​၏ ဝိညာဉ်တော်​ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။


ကျွန်ုပ်တို့​သည် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို အဝတ်သစ်​ကဲ့သို့ ဝတ်ဆင်ရမည့်​နေ့​အတွက် စိတ်အားထက်သန်​စွာ စောင့်မျှော်​၍ လက်ရှိ​ကိုယ်ခန္ဓာ​၌ ညည်းတွား​လျက်​နေကြ၏။


ကျွန်ုပ်တို့​သည် ဤ​လောကီ​ခန္ဓာ​တွင် ရှိနေ​စဉ် လေးလံသော​ဝန်​ကို ထမ်းရ​သောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်​မှာ ဤ​လောကီ​ခန္ဓာ​မှ ထွက်ခွာ​လို​သောကြောင့် မဟုတ်ဘဲ သေတတ်သော​အရာ​ကို ထာဝရ​အသက်ရှင်ခြင်း​ဖြင့် အစားထိုး​နိုင်ရန် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို ဝတ်ဆင်​လို​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားများ​ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် သားတော်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲသို့ စေလွှတ်တော်မူ​၍ ထို​ဝိညာဉ်တော်​ကြောင့် ကျွန်ုပ်တို့​က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။


ထိုသို့​ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံး​သည် ခရစ်တော် ပြုခဲ့သော အမှု​အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်​မှတစ်ဆင့် ခမည်းတော်​ထံသို့ ဝင်ရောက်ခွင့် ရကြ၏။


အမျိုးမျိုးသော ဆုတောင်းခြင်း​နှင့် အသနားခံခြင်းတို့​ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်​အတိုင်း အချိန်အခါ​တိုင်း​တွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်း​နိုင်ရန် နိုးနိုးကြားကြား နေ​၍ ယုံကြည်သူ​အပေါင်းတို့​အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​သည် ကျွန်ုပ်တို့​၏ အားနည်းချက်များ​ကို မစာနာမထောက်ထားနိုင်​သူ မဟုတ်။ ကိုယ်တော်​သည် ကျွန်ုပ်တို့​နည်းတူ ဖြားယောင်း​သွေးဆောင်မှု​အမျိုးမျိုး​ကို တွေ့ကြုံခဲ့သော​အရှင်​ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်​သည် အပြစ်​နှင့်​ကင်းလွတ်တော်မူ၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် ကိုယ်တိုင်​အားနည်းချက် ရှိ​သဖြင့် မသိ​နားမလည်ဘဲ လမ်းမှား​ရောက်နေသူတို့​ကို စာနာ​နိုင်၏။


တောင်းလျှောက်​သောအခါ​၌လည်း အပျော်အပါး​လိုက်စား​နိုင်ရန်​အတွက် လွဲမှား​စွာ တောင်းလျှောက်​သောကြောင့် မရကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ