ထို့နောက် သူတို့စားနေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ယူ၍ စားကြလော့။ ဤမုန့်သည် ငါ၏ကိုယ်ခန္ဓာဖြစ်၏” ဟု မိန့်တော်မူ၏။
ရောမ 7:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။ Common Language Bible ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။- Garrad Bible ထို နည်း တူ ညီ အစ် ကို တို့၊ သင် တို့ လည်း ခ ရစ် တော်၏ ကိုယ် ခ န္ဓာ ကြောင့် ပ ညတ် တ ရား အ ရာ၌ သေ ပြီး ဖြစ်၍ ဘု ရား သ ခင့် အ ဖို့ အ ကျိုး ဖြစ် ပွား စေ ခြင်း ငှါ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သော အ ရှင် တစ် ပါး နှင့် ပေါင်း ရ ကြ လေ ပြီ။ Judson Bible ထိုနည်းတူ၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက်တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့် ကွာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ကြပြီ။ ဤသည်ကား သင်တို့သည် အခြားသူတည်းဟူသော သေသောသူတို့ထဲမှ ထမြောက်တော်မူသောအရှင်နှင့် သက်ဆိုင်သောသူများဖြစ်လာကြပြီး ဘုရားသခင်အတွက် အသီးများဖြစ်ထွန်းစေရန်ဖြစ်၏။ |
ထို့နောက် သူတို့စားနေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ယူ၍ စားကြလော့။ ဤမုန့်သည် ငါ၏ကိုယ်ခန္ဓာဖြစ်၏” ဟု မိန့်တော်မူ၏။
အခြားသူတို့မှာမူ ကောင်းသောမြေ၌ ကျသည့်မျိုးစေ့နှင့်တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ခံယူသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟု မိန့်တော်မူ၏။
သင်တို့သည် အသီးများစွာ သီးလျက် ငါ့တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထိုနည်းတူ သင်တို့သည်လည်း အပြစ်တရားနှင့် အဆက်ပြတ်၍ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်အတွက် အသက်ရှင်သည်ဟု မိမိကိုယ်ကိုယ် မှတ်ယူကြလော့။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
သို့သော် ယခုသင်တို့သည် အပြစ်တရားလက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခုသင်တို့သည် သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌ ထာဝရအသက်ကို ရကြ၏။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်စဉ် အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ပါက သူသည် အိမ်ထောင်ရေးဖောက်ပြန်၏။ သို့သော် ခင်ပွန်းကွယ်လွန်သွားပါက သူသည် ထိုပညတ်တရားနှင့် ကင်းလွတ်၍ အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်လျှင်လည်း အိမ်ထောင်ရေးဖောက်ပြန်ရာမရောက်ချေ။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
ကောင်းချီးမင်္ဂလာခွက်ကို ကျွန်ုပ်တို့ကောင်းချီးပေး၍ သောက်သည်မှာ ခရစ်တော်၏ အသွေးတော်ကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။ မုန့်ကို ဖဲ့၍ စားသည်မှာ ခရစ်တော်၏ ကိုယ်ခန္ဓာကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
သို့သော် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံရလျှင် သင်တို့သည် ပညတ်တရားလက်အောက်၌ မရှိပေ။
စည်းမျဉ်းဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့၏ ပညတ်တရားစနစ်တစ်ခုလုံးကို မိမိအသွေးအသားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့ပြုခြင်းမှာ ထိုလူမျိုးနှစ်မျိုးစလုံးကို မိမိနှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် လူမျိုးသစ် ဖန်ဆင်း၍ ငြိမ်းချမ်းစေရန် ဖြစ်၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
ယခုတွင်မူ ကိုယ်တော်သည် သွေးသားနှင့် ဖွဲ့စည်းထားသော ခရစ်တော်၏ကိုယ်ခန္ဓာကို အသေခံစေတော်မူခြင်းအားဖြင့် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီ။ ဤသည်မှာ သင်တို့သည် သန့်ရှင်း၍ အပြစ်အနာအဆာကင်းလျက် အပြစ်ဆိုဖွယ်မရှိသောသူများအဖြစ် ရှေ့တော်၌ ဆက်သနိုင်ရန် ဖြစ်၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ကျွန်ုပ်တို့ကို ဆန့်ကျင်သော စည်းမျဉ်းဥပဒေများပါဝင်သည့် အပြစ်ကြွေးစာရင်းကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ ရိုက်ခြင်းဖြင့် ဖယ်ရှားတော်မူ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီအခြေခံမူနှင့် အဆက်ပြတ်ကြသည်မှန်လျှင် ဤလောက၏ လက်အောက်ခံကဲ့သို့
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
ရွှင်လန်းဝမ်းမြောက်လျက် ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းကြပါစို့။ သိုးသငယ်၏မင်္ဂလာပွဲသည် အချိန်ကျပြီဖြစ်၍ သူ၏ သတို့သမီးသည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။
နောက်ဆုံးသောဘေးဒဏ် ခုနစ်ပါးနှင့်ပြည့်နေသော ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ “လာလော့။ သိုးသငယ်၏ဇနီးလောင်းဖြစ်သူ သတို့သမီးကို ငါပြမည်” ဟု ကျွန်ုပ်အားဆို၏။