ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ရောမ 4:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။ Common Language Bible သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။- Garrad Bible လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ မီ ပင် ယုံ ကြည် သ ဖြင့် ရ သော ဖြောင့် မတ် ခြင်း လ က္ခ ဏာ တံ ဆိပ် အ ဖြစ် လှီး ဖြတ် ခြင်း ကို ခံ ရ ၏။ သို့ မှ ထို မင်္ဂ လာ မဲ့ လျက် ပင် ယုံ ကြည် ကြ သ ဖြင့် ဖြောင့် မတ် သည် ဟု မှတ် တော် မူ သူ ခပ် သိမ်း တို့ အ ဘ အ ဖြစ် ရောက် သည့် ပြင် မင်္ဂ လာ ခံ ကြ ပြီး သာ မ က ငါ တို့ အ ဘ အာ ဗြ ဟံ မ ခံ မီ ပင် ယုံ ကြည် ခြင်း ခြေ ရာ တွင် လိုက် လျှောက် ကြ သူ တို့ အ ဘ အ ဖြစ် လည်း ရောက် ခဲ့ လေ ပြီ။ Judson Bible အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။ |
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
သင်တို့အား ငါပြောဆိုသည်မှာ လူမျိုးခြားများစွာတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်မှ လာ၍ ကောင်းကင်နိုင်ငံတော်၏ စားသောက်ပွဲ၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ကြလိမ့်မည်။
ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။
ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ အစာငတ်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ထိုသူတို့က “အကျွန်ုပ်တို့သည် အာဗြဟံ၏ မျိုးဆက်များဖြစ်ကြ၏။ မည်သည့်အခါကမျှ သူတစ်ပါးကျွန် မဖြစ်ခဲ့ကြပါ။ ထို့ကြောင့် ‘သင်တို့ကို လွတ်မြောက်စေလိမ့်မည်’ ဟူ၍ အဘယ်ကြောင့်ဆိုသနည်း” ဟု လျှောက်ကြ၏။
ခရစ်တော်သည် ပညတ်တရားကို အဆုံးသတ်စေတော်မူပြီဖြစ်သောကြောင့် ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။
သို့ရာတွင် ယုံကြည်ခြင်းနည်းလမ်းအရ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းကမူ “ ‘ခရစ်တော်ကို ဤလောကသို့ ခေါ်ဆောင်ရန် ကောင်းကင်ဘုံသို့ မည်သူတက်မည်နည်း’ ဟူ၍ သင့်စိတ်ထဲ၌ မပြောဆိုနှင့်။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
သို့သော် ယခုအချိန်တွင် ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန် လူတို့ကျူးလွန်သောအပြစ်များကို ပြစ်ဒဏ်ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်သည် မိမိကိုယ်တိုင်က ဖြောင့်မတ်တော်မူ၍ ယေရှုကို ယုံကြည်သောသူတို့ကိုလည်း ဖြောင့်မတ်စေတော်မူမည့်အကြောင်းကို ဖော်ပြတော်မူ၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
ဤသို့ဆိုသော် မည်သို့သောအခြေအနေတွင် သတ်မှတ်သနည်း။ အရေပြားလှီးခြင်းမင်္ဂလာကို သူခံယူပြီးမှလော။ မခံယူမီကလော။ ခံယူပြီးမှ မဟုတ်။ မခံယူမီကပင် သတ်မှတ်ခြင်းခံရ၏။
ထိုအကြောင်းအရာများမှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့မှာ ဘုရားသခင်သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်းစံနှုန်းတို့ကို မီအောင် မလိုက်နိုင်သော်လည်း ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်းမှာ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
ကျမ်းစာ၌ “ငါသည် ဆူးငြောင့်ခလုတ်ဖြစ်သော ကျောက်တုံးကို ဇိအုန်မြို့တွင် ချထား၏။ ထိုကျောက်သည် လူတို့ကို လဲကျစေလိမ့်မည်။ သို့သော် ထိုအရှင်ကို ယုံကြည်သောသူသည် အရှက်ရလိမ့်မည် မဟုတ်” ဟု ဖော်ပြထား၏။
သို့ရာတွင် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား ပေးခဲ့သောကတိတော်ကို တည်ရန် ပျက်ကွက်တော်မူသလော။ ပျက်ကွက်တော်မမူ။ အဘယ်ကြောင့်ဆိုသော် အစ္စရေးလူမျိုး တစ်မျိုးလုံးသည် ဘုရားသခင်၏ လူမျိုးအစစ်အမှန် ဖြစ်သည်ဟု မဆိုနိုင်သောကြောင့်ဖြစ်၏။
ထိုဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိပိုင်သော လူများအဖြစ် တံဆိပ်ခတ်နှိပ်တော်မူ၍ ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို စရန်အဖြစ် သွင်းပေးတော်မူ၏။
သို့သော် လူအပေါင်းတို့သည် အပြစ်၏ ချုပ်နှောင်မှုအောက်၌ ကျရောက်လျက်ရှိကြောင်း ကျမ်းစာတွင် ဖော်ပြထား၏။ ဤသည်မှာ ဘုရားသခင်သည် ယေရှုခရစ်တော်ကို ယုံကြည်သောသူတို့အား မိမိကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကို ပေးသနားတော်မူရန် ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အာဗြဟံ၏ သားသမီးများဖြစ်ကြသည်ကို သိမှတ်ကြလော့။
ကျွန်ုပ်တို့မှာမူ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကတိပြုတော်မူသော ဖြောင့်မတ်ခြင်းကို လက်ခံရရှိမည်ဟု မျှော်လင့်၍ ဝိညာဉ်တော်ကို အမှီပြုလျက် စောင့်မျှော်နေကြ၏။
ဤအခြေခံသဘောတရားကို လက်ခံကျင့်သုံးသောသူတို့အပေါ်သို့ ဘုရားသခင်ထံတော်မှလာသော ငြိမ်းချမ်းခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထိုသူတို့မှာ ဘုရားသခင်၏ လူမျိုးတော်အစ္စရေးလူမျိုးများ ဖြစ်ကြ၏။
လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
သူတို့သည် မြေကြီးပေါ်ရှိ မြက်ပင်များမှစ၍ အခြားစိမ်းစိုသော အပင်ငယ်များ၊ သစ်ပင်များကို ဖျက်ဆီးခွင့်မရှိ။ မိမိတို့၏ နဖူးတွင် ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်မထားသော သူများကိုသာ ဖျက်ဆီးရန် အမိန့်ပေးခံရ၏။