ရောမ 4:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ဤသို့ဆိုသော် မည်သို့သောအခြေအနေတွင် သတ်မှတ်သနည်း။ အရေပြားလှီးခြင်းမင်္ဂလာကို သူခံယူပြီးမှလော။ မခံယူမီကလော။ ခံယူပြီးမှ မဟုတ်။ မခံယူမီကပင် သတ်မှတ်ခြင်းခံရ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ဤသို့အာဗြဟံအားဖြောင့်မတ်သောသူ အဖြစ်ဘုရားသခင်လက်ခံတော်မူသည့် အချိန်မှာ အာဗြဟံအရေဖျားလှီးမင်္ဂလာ ခံပြီးမှလော။ မခံရသေးမီကလော။ ခံပြီး မှမဟုတ်။ မခံရသေးမီကဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible10 မည် သို့ မှတ် တော် မူ သ နည်း။ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး မှ လော။ မ ခံ မီ လော။ ခံ ပြီး မှ မ ဟုတ်။ မ ခံ မီ ပင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 မည်သည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူသနည်း။ အရေဖျားလှီးထားသည့်အခြေအနေ၌လော၊ သို့မဟုတ် အရေဖျားမလှီးထားသည့်အခြေအနေ၌လော။ အရေဖျားလှီးထားသည့်အခြေအနေ၌မဟုတ်ဘဲ အရေဖျားမလှီးထားသည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။