မည်သည့်လူမျိုးမဆို ဘုရားသခင်အား ကြောက်ရွံ့၍ မှန်ကန်စွာ လုပ်ဆောင်သောသူဖြစ်လျှင် ဘုရားသခင်လက်ခံတော်မူ၏။
ရောမ 2:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ပညတ်တရားကို မသိသော လူမျိုးခြားတို့ပင်လျှင် ထိုပညတ်တရား၌ ပြဋ္ဌာန်းထားသောအချက်များကို အလိုအလျောက် ပြုကျင့်မိသောအခါ ပညတ်တရားကို မသိသော်လည်း ၎င်းတို့သည် သူတို့အတွက် ပညတ်တရားဖြစ်လာ၏။ Common Language Bible လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။- Judson Bible သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး |
မည်သည့်လူမျိုးမဆို ဘုရားသခင်အား ကြောက်ရွံ့၍ မှန်ကန်စွာ လုပ်ဆောင်သောသူဖြစ်လျှင် ဘုရားသခင်လက်ခံတော်မူ၏။
လွန်ခဲ့သောအချိန်တွင် ဘုရားသခင်သည် လူမျိုးတိုင်းကို မိမိတို့၏အလိုဆန္ဒအတိုင်း နေထိုင်ရန် ခွင့်ပြုထားတော်မူ၏။
ဤသို့ ယခင်အချိန်ကာလများတွင် လူတို့၏မသိနားမလည်ခြင်းကို ဘုရားသခင်သည် အမှုမထားခဲ့သော်လည်း ယခုမှာ နေရာအသီးသီးတွင်ရှိသော လူအပေါင်းတို့ကို နောင်တရရန် အမိန့်ပေးတော်မူ၏။
ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။
လူမျိုးခြားတို့သည် ဘုရားသခင်၏ပညတ်တရားကို မသိဘဲ အပြစ်ကျူးလွန်ပါက ပညတ်တရားမပါဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ပညတ်တရားကို သိသော ဂျူးလူမျိုးတို့သည် အပြစ်ကျူးလွန်ပါက ထိုပညတ်တရားအတိုင်း အပြစ်စီရင်ခြင်းခံရလိမ့်မည်။
ဤသို့ဖြင့် သူတို့သည် မိမိတို့၏ နှလုံးသား၌ ဘုရားသခင်၏ ပညတ်တရားကို ရေးမှတ်ထားကြောင်းဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် အတွေးများက သူတို့ကို ပြစ်တင်တစ်လှည့် ထောက်ခံတစ်လှည့် ပြုလျက်ရှိကြသောကြောင့်ဖြစ်၏။
သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် ထိုယောက်ျားအတွက် ရှက်စရာဖြစ်ကြောင်း သဘာဝတရားအတိုင်း သိသည်မဟုတ်လော။
ဂျူးလူမျိုးတို့၏ပညတ်တရားကို မကျင့်သုံးသော လူမျိုးခြားတို့နှင့်အတူရှိစဉ်က ထိုသူတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို မကျင့်သုံးသောသူကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တရားကို လျစ်လျူမရှု၊ ခရစ်တော်၏ ပညတ်တရားကို နာခံကျင့်သုံး၏။
တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။