ရောမ 2:14 - Common Language Bible14 လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။- အခန်းကိုကြည့်ပါ။Judson Bible14 သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ဘုရားသခင်၏ ပညတ်တရားကို မသိသော လူမျိုးခြားတို့ပင်လျှင် ထိုပညတ်တရား၌ ပြဋ္ဌာန်းထားသောအချက်များကို အလိုအလျောက် ပြုကျင့်မိသောအခါ ပညတ်တရားကို မသိသော်လည်း ၎င်းတို့သည် သူတို့အတွက် ပညတ်တရားဖြစ်လာ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။-
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-