မိမိမိတ်ဆွေတို့အတွက် အသက်ပေးချစ်သော ချစ်ခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိပေ။
ရောမ 16:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကျွန်ုပ်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြ၏။ ကျွန်ုပ်တစ်ဦးတည်းသာမက လူမျိုးခြားအသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်ကြ၏။ Common Language Bible သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။- Garrad Bible ငါ့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သည့် အ လျောက်၊ ထို သူ တို့ ကျေး ဇူး ကို ငါ သာ မ ဟုတ်။ လူ မျိုး ခြား အ သင်း တော် ရှိ သ မျှ တို့ ချီး မွမ်း ကြ၏။ Judson Bible ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။ |
မိမိမိတ်ဆွေတို့အတွက် အသက်ပေးချစ်သော ချစ်ခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိပေ။
ပေါလုနှင့်ဗာနဗသည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အမည်နာမအတွက် မိမိတို့အသက်ကိုပင် စွန့်စားကြသောသူများဖြစ်၏။
ပေါလုသည် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်တို့ကို ဖြတ်သွား၍ အသင်းတော်များကို ကြံ့ခိုင်စေ၏။
ထိုသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ခိုင်မာကြ၍ နေ့စဉ် လူဦးရေတိုးပွားလေ၏။
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပြစ်ကိလနှင့် အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
သူတို့အိမ်၌ စုဝေးကြသည့် အသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ပထမဦးဆုံး ခရစ်တော်ကို ယုံကြည်လက်ခံသူဖြစ်သည့် ကျွန်ုပ်ချစ်သော ဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
ဖြောင့်မတ်သူအတွက် အသေခံမည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်မူ အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ကျွန်ုပ်လမ်းညွှန်ထားသကဲ့သို့ သင်တို့သည်လည်း ထိုနည်းအတိုင်း ပြုကြလော့။
သင်တို့တစ်ဦးစီသည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေတွင်မဆို ဆက်လက်ပြုမူနေထိုင်၍ သင်တို့ကို စတင်ရွေးကောက်တော်မူသည့်အချိန်က ကဲ့သို့ပင် ဆက်လက်ရှိနေသင့်၏။ ဤသည်မှာ အသင်းတော်အားလုံးကို ကျွန်ုပ်ညွှန်ကြားသောအချက်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အား သင်တို့မပေးနိုင်သည့် အကူအညီကို ပေးရန် မိမိအသက်ကို စွန့်စားကာ ခရစ်တော်၏ အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့သောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုဒပြည်၌ ရှိကြသော ဘုရားသခင်၏အသင်းတော်များ တွေ့ကြုံသကဲ့သို့ သင်တို့တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများလက်တွင် ထိုအသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့သည်လည်း မိမိတို့လူမျိုးချင်း၏လက်တွင် ခံစားကြရ၏။
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊