Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သူ​တို့​သည် ငါ့​အသက်​ကို လည်စင်းခံ​၍​စောင့်ရှောက်​ပေး​သူ​များ​ဖြစ်​ကြ​၏။ ငါ​တစ်ဦးတည်း​သာမက လူမျိုးခြား​တို့​၏​အသင်းတော်​အပေါင်း​တို့​သည်​လည်း သူ​တို့​ကို ကျေးဇူးတင်​လျက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ငါ့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သည့် အ လျောက်၊ ထို သူ တို့ ကျေး ဇူး ကို ငါ သာ မ ဟုတ်။ လူ မျိုး ခြား အ သင်း တော် ရှိ သ မျှ တို့ ချီး မွမ်း ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 သူတို့​သည် ကျွန်ုပ်​အတွက် သက်စွန့်​ကြိုးပမ်း​ဆောင်ရွက်ခဲ့ကြ​သူများ ဖြစ်ကြ၏။ ကျွန်ုပ်​တစ်ဦးတည်း​သာမက လူမျိုးခြား​အသင်းတော်​အပေါင်းတို့​သည်လည်း သူတို့​ကို ကျေးဇူးတင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:4
17 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ် ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဤ​လူ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​စေရန် ငါ​စီရင်​ပြီ​။ သင်​တို့​သည် ထို​ဘေး​ကို သင်​တို့​လည်ပင်း​မှ ဖယ်ရှား​နိုင်​မည်​မ​ဟုတ်​။ ဘေးအန္တရာယ်​ကျရောက်​ရာ​ကာလ​ဖြစ်​သောကြောင့် ထောင်လွှား​သွားလာ​နိုင်​ကြ​မည်​မ​ဟုတ်​။


မိမိ​၏​မိတ်ဆွေ​များ​အတွက် ကိုယ့်​အသက်​ကို​စွန့်​ခြင်း​ထက် ပို၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်သူ​၌​မျှ​မ​ရှိ။


သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။


ဤသို့ဖြင့် အသင်းတော်​များ​သည် ယုံကြည်​ခြင်း​ပိုမို​ခိုင်မာ​လာ​၍ တစ်နေ့တခြား လူ​ဦးရေ​တိုးပွား​လာ​၏။


ဤသို့ဖြင့် ယုဒ​နယ်၊ ဂါလိလဲ​နယ်​နှင့် ရှမာရိ​နယ်​တစ်လျှောက်လုံး​၌ အသင်းတော်​သည် ငြိမ်းချမ်း​မှု​ကို​ရရှိ​၍ တည်ဆောက်​မြှင့်တင်​ခြင်း​ခံရ​ကာ သခင်​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တိုက်တွန်း​အားပေး​ခြင်း​၌​လည်းကောင်း လျှောက်လှမ်း​လျက် တိုးပွား​လေ​၏။


ခရစ်တော်​ယေရှု​၌ ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်ကိလ​နှင့်​အာကုလ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။


သူ​တို့​အိမ်​၌​ရှိ​သော​အသင်းတော်​ကို​လည်း နှုတ်ဆက်​ပေး​ကြ​လော့။ အာရှ​ပြည်​တွင် ခရစ်တော်​အတွက်​အသီးဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧပဲနက်​ကို နှုတ်ဆက်​ပေး​ကြ​လော့။


အကြောင်းမှာ ဖြောင့်မတ်​သော​သူ​အတွက် အသေခံ​မည့်​သူ​ရှိ​ခဲ​၏။ သူတော်ကောင်း​အတွက်​ကား အသေခံ​ဝံ့​သူ​ရှိကောင်းရှိ​လိမ့်မည်။


သန့်ရှင်း​သူ​တို့​အတွက် အလှူ​ကောက်ခံ​ခြင်း​နှင့်​ပတ်သက်၍ ဂလာတိ​ပြည်​ရှိ အသင်းတော်​များ​ကို ငါ​မှာထား​သကဲ့သို့ သင်​တို့​သည်​လည်း ထိုနည်းတူ​ပြု​ကြ​လော့။


လူ​အသီးသီး​တို့​သည် မိမိ​အား သခင်​ဘုရား​သတ်မှတ်​ခွဲဝေ​ပေး​တော်မူ​သည့်​အတိုင်း​နှင့် တစ်ဦးစီ​အား ဘုရားသခင်​ခေါ်ယူ​တော်မူ​သည့်​အခြေအနေ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ပါစေ။ ဤသည်ကား အသင်းတော်​အားလုံး​တို့​ကို ငါ​မှာကြား​သော​အချက်​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ငါ့​ကို​ကူညီ​ထောက်မ​ရာ​၌ လိုအပ်​သည့်​အပိုင်း​ကို​ဖြည့်ဆည်း​ပေး​ရန် သူ​သည် မိမိ​အသက်​ကို​ပဓာန​မ​ထား​ဘဲ ခရစ်တော်​၏​အမှု​တော်​အတွက် သေ​လုနီးပါး​ဖြစ်​ခဲ့​၏။


ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။


ထို​ရှင်ဘုရင်​တို့​ကို ယောရှု​ထံ​ခေါ်ဆောင်​လာ​သောအခါ ယောရှု​က အစ္စရေး​တစ်မျိုးသားလုံး​ကို ဆင့်ခေါ်​ပြီးလျှင် သူ​နှင့်အတူ​စစ်ချီ​ခဲ့​သော​စစ်သူရဲ​အကြီးအမှူး​တို့​အား “​လာ​ကြ​၊ ဤ​ရှင်ဘုရင်​တို့​၏​လည်ပင်း​ကို တက်နင်း​ကြ​”​ဟု ဆို​၏​။ သူ​တို့​လည်း လာ​၍​ရှင်ဘုရင်​တို့​၏​လည်ပင်း​ကို တက်နင်း​ကြ​၏​။


ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။


ငါ​ယောဟန်​သည် အာရှ​ပြည်​ရှိ အသင်းတော်​ခုနစ်​ပါး​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့်​အရှင်​ထံမှ​လည်းကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိညာဉ်​ခုနစ်​ပါး​ထံမှ​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ