ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ရောမ 16:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်အပေါ် သစ္စာရှိသော အပေလေကို နှုတ်ဆက်ပေးကြလော့။ အရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။ Common Language Bible အပေလေကိုနှုတ်ဆက်ကြလော့။ သူသည်ခရစ် တော်အားသစ္စာရှိသူဖြစ်ပေသည်။ အာရိတ္တောဗုလု ၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်ကြလော့။- Garrad Bible ခ ရစ် တော်၌ စံ ချ ပြီး သူ အ ပေ လေ ကို နှုတ် ဆက် ကြ လော့။ အာ ရိ တ္ထော ဗု လု အိမ် သူ အိမ် သား တို့ ကို နှုတ် ဆက် ကြ လော့။ Judson Bible တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်၌ ယုံကြည်စိတ်ချရသူ အပေလေကို နှုတ်ဆက်ပေးကြလော့။ အာရိတ္တောဗုလု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။ |
ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပြစ်ကိလနှင့် အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံခဲ့ဖူးသည့် ကျွန်ုပ်၏အမျိုးသားချင်းဖြစ်သော အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ပေးကြလော့။ ထိုသူတို့သည် တမန်တော်ထဲ၌ အလွန်ထင်ပေါ်သောသူများဖြစ်ကြ၏။ ကျွန်ုပ်ထက်စော၍ ခရစ်တော်ကို ယုံကြည်လက်ခံလာသူများလည်း ဖြစ်ကြ၏။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
လွန်ခဲ့သောဆယ့်လေးနှစ်က တတိယကောင်းကင်ဘုံသို့ ချီဆောင်ခံရသည့် ခရစ်တော်၏ တပည့်တစ်ယောက်ကို ကျွန်ုပ်သိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခံရသလော၊ မပါဘဲချီဆောင်ခံရသလော ကျွန်ုပ်မသိ။ ဘုရားသခင်သာ သိတော်မူ၏။
ကျွန်ုပ်စာရေးပို့ရသော အခြားအကြောင်းရင်းမှာ သင်တို့သည် ကျွန်ုပ်၏ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်ကို သိလိုသောကြောင့် ဖြစ်၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ထိုသူတို့နှစ်ယောက်နှင့်အတူ နောက်ထပ်ညီအစ်ကိုတစ်ဦးကိုလည်း ကျွန်ုပ်တို့စေလွှတ်လိုက်၏။ ထိုသူအား အကြိမ်ကြိမ် စိစစ်ကြည့်ရာ သူသည် ကူညီရန် အစဉ်စိတ်အားထက်သန်ကြောင်း ကျွန်ုပ်တို့တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်မှုရှိသောကြောင့် ယခု ပို၍ပင် စေတနာစိတ်အားထက်သန်လျက်ရှိ၏။
ထိုအချိန်တွင် ခရစ်တော်ကို ယုံကြည်သော ယုဒပြည်ရှိ အသင်းတော်ဝင်များသည် ကျွန်ုပ်နှင့် လူချင်း မတွေ့ဆုံကြသေးပေ။
သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။
ထိုသူတို့သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့၌ အပြစ်ဆိုဖွယ်မရှိလျှင် သင်းထောက်အဖြစ် ခန့်အပ်နိုင်၏။
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။