ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
ရောမ 15:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သို့ပင်ဖြစ်စေ အကြောင်းအရာတချို့နှင့်ပတ်သက်၍ သင်တို့ကို သတိပေးရာတွင် ကျွန်ုပ်သည် ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကို ထောက်၍ ရဲရင့်စွာ ရေးလိုက်ပါ၏။ Common Language Bible သို့သော်ဤစာတွင်အချို့အမှုကိစ္စများနှင့် ပတ်သက်၍သင်တို့အားသတိပေးရာ၌ ငါ သည်ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကိုအကြောင်းပြု၍ရဲတင်း ပွင့်လင်းစွာရေးသားထား၏။- Garrad Bible သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် သန့် ရှင်း၍ နှစ် သက် တော် မူ ဖွယ် ပူ ဇော် သ က္ကာ အ ဖြစ် လူ မျိုး ခြား တို့ ကို ဆက် ကပ် ရ အံ့ သော ငှါ ဘု ရား သ ခင့် သ တင်း တော် ဝတ် ကို ပူ ဇော် လျက် လူ မျိုး ခြား တို့ တွင် ခ ရစ် တော် ယေ ရှု၏ အ မှု တော် ဆောင် အ ဖြစ် ဘု ရား သ ခင် ကျေး ဇူး တော် ကို ခံ စား ရ သည့် အ လျောက် ငါ့ ကိုယ် တိုင် သ တိ ပေး၍ ရဲ ရင့် စွာ ရေး လိုက်၏။ Judson Bible သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဖွယ်ရာ ပူဇော်သကာတည်းဟူသော တစ်ပါးအမျိုးတို့ကို ပူဇော်ခြင်းငှာ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တစ်ပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက် သာ၍ရဲရင့်စွာ ရေးလိုက်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူမျိုးခြားတို့အတွက် ငါ့ကိုခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းဆောင်သူဖြစ်စေ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်စေပြီး ထိုလူမျိုးခြားတို့ကိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်းခံရသည့်နှစ်သက်လက်ခံဖွယ်ပူဇော်သက္ကာဖြစ်စေရန် ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ကို တစ်ဖန်သတိပေးရန် တချို့အပိုင်း၌ ငါရဲဝံ့စွာ ရေးခဲ့၏။ |
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်အတိုင်း ကျွန်ုပ်တို့သည် ကွဲပြားခြားနားသော ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ဟောပြောကြရမည်။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်သည် ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထား၏။ ယခုတွင် အခြားသူသည် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်နေပြီဖြစ်၏။ သို့ရာတွင် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်သောသူတိုင်း အလွန် ဂရုစိုက်ရမည်ဖြစ်၏။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။
ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။
အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို နာခံကြရန် ကရေတေကျွန်း၌ နေထိုင်ကြသောယုံကြည်သူတို့အား သတိပေးလော့။ သူတို့သည် နာခံ၍ ကောင်းမှုအမျိုးမျိုးကို အချိန်မရွေးပြုနိုင်ရန် အဆင်သင့်ဖြစ်နေရမည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ရကြောင်းသိစေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။