ထာဝရဘုရားသည် ကြီးမားသောကရုဏာတော်ကို ဧလိရှဗက်အပေါ် ပြသတော်မူကြောင်းကို အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ကြားကြသောအခါ သူနှင့်အတူ ဝမ်းမြောက်ကြ၏။
ရောမ 12:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။ Common Language Bible ဝမ်းမြောက်သူတို့နှင့်အတူဝမ်းမြောက်ကြ လော့။ ငိုကြွေးသူတို့နှင့်အတူငိုကြွေးကြ လော့။- Garrad Bible ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။ Judson Bible ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။ |
ထာဝရဘုရားသည် ကြီးမားသောကရုဏာတော်ကို ဧလိရှဗက်အပေါ် ပြသတော်မူကြောင်းကို အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ကြားကြသောအခါ သူနှင့်အတူ ဝမ်းမြောက်ကြ၏။
ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ခံစားကြရ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဂုဏ်တက်လျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။
တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
သူ့ကို ပြန်လည်စေလွှတ်သင့်သည့်အကြောင်းက သူနာမကျန်းဖြစ်သည်ကို သင်တို့ကြားသိကြောင်း သူသိသောအခါ စိတ်မကောင်းဖြစ်နေပြီး သူသည် သင်တို့အားလုံးကို လွမ်းဆွတ်နေသောကြောင့် ဖြစ်၏
ထို့ကြောင့် သင်တို့ထံသို့ သူ့ကိုပြန်လည်စေလွှတ်ရန် ကျွန်ုပ် ပို၍ စိတ်အားထက်သန်၏။ ဤသည်မှာ သင်တို့သည် သူ့ကို ပြန်လည်တွေ့မြင်ရသောအခါ ဝမ်းမြောက်ရန်နှင့် ကျွန်ုပ်သည်လည်း စိတ်သက်သာရာရရန် ဖြစ်၏။
သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။