Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဝေဒနာ​ခံစားရ​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ခံစားကြ​ရ၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဂုဏ်တက်​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 အင်္ဂါ တစ် ခု သည် ဒု က္ခ ရောက် လျှင် အင်္ဂါ ရှိ သ မျှ လည်း အ တူ ရောက်၏။ အင်္ဂါ တစ် ခု သည် ဂုဏ် ရောက် လျင် အင်္ဂါ ရှိ သ မျှ လည်း အ တူ ရွှင် လန်း ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 သို့​ဖြစ်၍၊ အင်္ဂါ​တစ်​ခု​တည်း ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ခံ​ရ​ကြ၏။ အင်္ဂါ​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ဝမ်း​မြောက်​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သို့ဖြစ်၍ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ဝေဒနာ​ခံစား​ရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ခံစား​ရ​ကြ​၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ချီးမြှောက်​ခြင်း​ခံရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ဝမ်းမြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:26
9 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ဘုရားသခင်​အလိုတော်​ရှိသော အရာ​အားလုံး​ကို လုပ်ဆောင်ကြရမည်​ဖြစ်​သောကြောင့် ယခု ငါ့​ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်​သည် ယေရှု​အား နှစ်ခြင်းမင်္ဂလာ​ပေး​ရန် သဘောတူလေ၏။


ထို့ကြောင့် သင်​၏ လက်ယာ​မျက်စိ​သည် ထို​တဏှာစိတ်​ကို ဖြစ်စေ​ပါက ထုတ်ယူ​၍ လွှင့်ပစ်လော့။ ခန္ဓာ​တစ်ခုလုံး ငရဲ​သို့ ချခံရခြင်း​ထက် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​ကို ဆုံးရှုံးရခြင်း​သည် ပို​၍ ကောင်း၏။


ဝမ်းမြောက်သော​သူတို့​နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသော​သူတို့​နှင့်အတူ ငိုကြွေးကြလော့။


ဤသည်​မှာ ကိုယ်ခန္ဓာ​တွင် စိတ်ဝမ်း​မကွဲဘဲ အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း ဂရုစိုက်ကြ​ရန်​ဖြစ်၏။


သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။


အချင်းချင်းတို့​၏ ဝန်ထုပ်ဝန်ပိုးများ​ကို ကူညီ​ထမ်းရွက်ကြလော့။ ဤသို့​ပြုခြင်း​အားဖြင့် သင်တို့​သည် ခရစ်တော်​၏ တရားတော်​ကို လိုက်နာ​လိမ့်မည်။


သင်တို့​ကိုယ်တိုင် အကျဉ်း​ကျနေ​သကဲ့သို့ သဘောထား​လျက် အကျဉ်း​ကျနေ​သူတို့​ကို သတိရလော့။ သင်တို့​၏​ကိုယ်ခန္ဓာ​၌ နှိပ်စက်​ညှဉ်းဆဲခြင်း​ခံနေရ​သကဲ့သို့ သဘောထား​လျက် နှိပ်စက်​ညှဉ်းဆဲ​ခံနေရသော​သူတို့​ကို သတိရလော့။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ