၁ ကော 12:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ဤသည်မှာ ကိုယ်ခန္ဓာတွင် စိတ်ဝမ်းမကွဲဘဲ အင်္ဂါအစိတ်အပိုင်းအချင်းချင်း ဂရုစိုက်ကြရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible25 သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။- အခန်းကိုကြည့်ပါ။Judson Bible25 ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှာ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။