Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 1:58 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

58 ထာဝရဘုရား​သည် ကြီးမားသော​ကရုဏာတော်​ကို ဧလိရှဗက်​အပေါ် ပြသတော်မူကြောင်း​ကို အိမ်နီးချင်းများ​နှင့် ဆွေမျိုးသားချင်းတို့​ကြားကြ​သောအခါ သူ​နှင့်အတူ ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

58 ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

58 က ရု ဏာ အ ထူး ကို ထာ ဝ ရ ဘု ရား ပြ တော် မူ ကြောင်း အိမ် နီး ချင်း နှင့် ဆွေ မျိုး သား ချင်း တို့ ကြား သိ သည့် ကာ လ အ တူ ဝမ်း မြောက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

58 ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​သ​နား​ခြင်း ကျေး​ဇူး​တော်​ကို ဧ​လိ​ရှ​ဗက်​အား ပြု​တော်​မူ​သည်​ကို၊ အိမ်​နီး​ချင်း အ​ဆွေ​အ​မျိုး​တို့​သည် ကြား​လတ်​သော်၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

58 ထာဝရ​ဘုရား​သည် ထူးမြတ်​သော​ကရုဏာ​တော်​ကို အဲလစ်ဇဘက်​အပေါ်​ပြသ​တော်မူ​ကြောင်း အိမ်နီးချင်း​နှင့် ဆွေမျိုးသားချင်း​တို့​သည် ကြား​ကြ​သောအခါ သူ​နှင့်အတူ​ဝမ်းမြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

58 ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​သ​နား​ခြင်း ကျေး​ဇူး​တော်​ကို ဧ​လိ​ရှ​ဗက်​အား ပြု​တော်​မူ​သည်​ကို၊ အိမ်​နီး​ချင်း အ​ဆွေ​အ​မျိုး​တို့​သည် ကြား​လတ်​သော်၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 1:58
12 ပူးပေါင်းရင်းမြစ်များ  

ထို​သား​သည် သင့်​အား ဝမ်းမြောက်​ရွှင်လန်းစေ​လိမ့်မည်။ လူများစွာတို့​သည် ထို​သား မွေးဖွားလာသည့်​အတွက် ဝမ်းမြောက်ကြ​လိမ့်မည်။


ဧလိရှဗက်​က “ထာဝရဘုရား​သည် ငါ့​ကို​သနား​၍ ကျေးဇူး​ပြုတော်မူပြီ။ ငါ့​ကို မျက်နှာသာ​ပေး​၍ သားသမီး​မရှိသည့်​အတွက် လူပုံ​အလယ်​အရှက်ရခြင်း​ကို ဖယ်ရှားတော်မူပြီ” ဟု ဆို၏။


ဧလိရှဗက်​သည် နေ့လစေ့​သောအခါ သား​ယောက်ျား​ကို မွေးဖွားလေ၏။


ထို့နောက် ယေရှု​က မိမိ​အား​ဖိတ်ခေါ်သူ​ဘက်သို့ လှည့်​၍ “သင်​သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲ​ပြုလုပ်​သောအခါ သင်​၏​မိတ်ဆွေများ၊ ညီအစ်ကို​မောင်နှမများ၊ ဆွေမျိုးများ​နှင့် ချမ်းသာသော​အိမ်နီးချင်းများ​ကို မဖိတ်ခေါ်နှင့်။ သူတို့​သည်လည်း သင့်​အား ပြန်လည်​ဖိတ်ခေါ်​၍ ကျေးဇူးတုံ့ပြန်ကြ​လိမ့်မည်။


ဝမ်းမြောက်သော​သူတို့​နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသော​သူတို့​နှင့်အတူ ငိုကြွေးကြလော့။


အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဝေဒနာ​ခံစားရ​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ခံစားကြ​ရ၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဂုဏ်တက်​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ