အဘယ်ကြောင့်ဆိုသော် သူတို့သည် မုန့်နှင့်ပတ်သက်၍ ပြသောအံ့ဖွယ်တန်ခိုးကို နားမလည်ကြသောကြောင့် ဖြစ်၏။ ခံယူနိုင်ရန်လည်း သူတို့သည် ခေါင်းမာကြ၏။
ရောမ 11:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မည်သို့ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေကြသည့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို မရရှိကြပေ။ ဘုရားသခင်ရွေးကောက်တော်မူခြင်းကို ခံရသောသူတို့ကသာ ရရှိကြပြီး ကျန်ရှိသောသူတို့မှာ ခေါင်းမာကြ၏။ Common Language Bible ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။- Garrad Bible သို့ ဖြစ် လျှင် မည် သို့ နည်း။ ဣ သ ရေ လ လူ မျိုး အ နက် ရွေး ကောက် တော် မူ သူ တို့ သာ ထို လူ မျိုး တို့ လိုက် ရှာ ရာ ကို တွေ့ မှီ ကြ၍ ကျန် သူ တို့ ကား စိတ် ခဲ ယဉ်း ကြ၏။ Judson Bible သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။ |
အဘယ်ကြောင့်ဆိုသော် သူတို့သည် မုန့်နှင့်ပတ်သက်၍ ပြသောအံ့ဖွယ်တန်ခိုးကို နားမလည်ကြသောကြောင့် ဖြစ်၏။ ခံယူနိုင်ရန်လည်း သူတို့သည် ခေါင်းမာကြ၏။
ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
“ဘုရားသခင်သည် သူတို့၏ မျက်စိကို ကွယ်စေ၍ စိတ်နှလုံးကို မာကျောစေတော်မူသဖြင့် သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။ စိတ်ထဲ၌လည်း နားမလည်နိုင်ကြ။ သူတို့သည် ဘုရားသခင်ထံ ပြန်မလှည့်လာသောကြောင့် ဘုရားသခင်၏ကုသမှုကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်ဖြစ်၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ထိုနည်းတူ ယခုအချိန်၌လည်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရွေးကောက်ခံရသည့် ကြွင်းကျန်သောသူ ရှိသေး၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့ဂျူးလူမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုးဖြစ်စေ လူမျိုးခြားဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားလက်အောက်၌ရှိကြောင်းကို အထက်က ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ပညတ်တရား၏ လက်အောက်၌ မရှိတော့ဘဲ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ ရှိကြသောကြောင့် ဆက်၍ အပြစ်ကျူးလွန်နိုင်သည်ဟု ဆိုရမည်လော။ ထိုသို့ မဆိုရပေ။
ထို့ကြောင့် ဘုရားသခင်သည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
သို့ဖြစ်လျှင် မည်သည့်အရာကို ကျွန်ုပ် ဆိုလိုသနည်း။ ရုပ်တုအား ပူဇော်ထားသောအစားအစာသည် အရေးပါသည်ဟု ဆိုလိုသလော။ ထိုရုပ်တုများသည် အရေးပါသည်ဟု ဆိုလိုသလော။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်း၍ အပြစ်ကင်းသောသူများ ဖြစ်နိုင်ရန် ဘုရားသခင်သည် ကမ္ဘာမတည်ရှိမီကပင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးချယ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက်
ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်၍ပင် ဖြစ်စေ၊ ရိုးသား၍ပင် ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်၏အကြောင်းကို ဟောပြောခြင်းဖြစ်သောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။ ဆက်၍လည်း ဝမ်းမြောက်နေဦးမည်။
သင်တို့သိသည့်အတိုင်း ဧသောသည် နောက်မှ ဖခင်၏ ကောင်းချီးကို အမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခံရ၏။ မျက်ရည်ကျ၍ တောင်းသော်လည်း ဖခင်၏စိတ်ကို မပြောင်းလဲနိုင်ပေ။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။