ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
ယာကုပ် 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ယူဆမှုမလွဲကြနှင့်။ Common Language Bible ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။- Garrad Bible ငါ ချစ် သော ညီ အစ် ကို တို့၊ အ ထင် မ လွဲ ကြ နှင့်။ Judson Bible ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ငါချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။ |
ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
ယေရှုက “သင်တို့သည် ကျမ်းစာတော်ကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
သို့ဖြစ်၍ ဘုရားသခင်သည် သေသောသူတို့၏ ဘုရားမဟုတ်ပါ။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်၏။ သင်တို့သည် အလွန်အယူလွဲကြပြီ” ဟု မိန့်တော်မူ၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
ယူဆမှုမလွဲကြနှင့်။ ဘုရားသခင်ကို မည်သူမျှ လှည့်စား၍ မရ။ လူသည် မိမိစိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
သူတို့သည် သမ္မာတရားလမ်းမှ လွဲချော်၍ သေသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ပြီးလေပြီဟု ပြောဆိုလျက် လူတချို့၏ ယုံကြည်ခြင်းကို နှောင့်ယှက်ဖျက်ဆီးကြ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ဤအချက်ကို မှတ်သားကြလော့။ လူတိုင်းသည် ကြားနာရာတွင် လျင်မြန်၍ ပြောဆိုရာနှင့် ဒေါသထွက်ရာတွင် နှေးကွေးသင့်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမျိုးမျိုးသောဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ ဝမ်းမြောက်စရာသက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုန်းကြီးသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ယုံကြည်သောသူများဖြစ်သည်နှင့်အညီ လူတို့ကို မျက်နှာလိုက်၍ မဆက်ဆံကြနှင့်။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်က ငါ့ထံတွင် ယုံကြည်ခြင်းရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်းမရှိလျှင် မည်သည့်အကျိုး ရှိသနည်း။ ထိုသို့သောယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ညီအစ်ကိုမောင်နှမတို့… ဆရာဖြစ်ကြသောကျွန်ုပ်တို့သည် အခြားသူတို့ထက် ပို၍ တင်းကျပ်စွာ စီရင်ခံရမည်ကို သင်တို့သိမှတ်လျက် ဆရာဖြစ်လိုသူ မများစေကြနှင့်။
နှုတ်တစ်ခုတည်းမှ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကိုမောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။
ညီအစ်ကိုမောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကိုမောင်နှမချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်စီရင်တတ်သောသူသည် ပညတ်တရားတော်ကို ပုတ်ခတ်၍ စီရင်သောသူဖြစ်၏။ ပညတ်တရားကို စီရင်လျှင် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ စီရင်သောသူဖြစ်၏။
ညီအစ်ကို မောင်နှမတို့… အထူးသဖြင့် ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားအရာကိုဖြစ်စေ တိုင်တည်၍ မကျိန်ဆိုကြနှင့်။ ဟုတ်လျှင် ဟုတ်ကြောင်း၊ မဟုတ်လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်လိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့ထဲမှ တစ်စုံတစ်ဦးသည် သမ္မာတရားလမ်းမှ လွဲသွား၍ အခြားသူတစ်ဦးက သူ့ကို လမ်းမှန်သို့ ပြန်လည် ခေါ်ဆောင်လာလျှင်