Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 12:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ယေရှု​က “သင်တို့​သည် ကျမ်းစာတော်​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​လည်းကောင်း မသိ​သောကြောင့် အယူလွဲနေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အ​ကြောင်း​ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ လွဲ​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ယေ ရှု က သင် တို့ သည် ကျမ်း စာ ကို လည်း ကောင်း၊ ဘု ရား သ ခင့် တန် ခိုး တော် ကို လည်း ကောင်း မ သိ သ ဖြင့် မှောက် မှား ကြ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ကျမ်း​စာ​ကို နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ယေရှု​က​လည်း“သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​သောကြောင့် ဤသို့​အယူလွဲ​နေ​ကြ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ကျမ်း​စာ​ကို နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 12:24
25 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​လည်းကောင်း မသိ​သောကြောင့် အယူလွဲနေကြ၏။


ယေရှု​သည် သူတို့​ကို စူးစိုက်​ကြည့်တော်မူ​၍ “ဤ​အမှု​ကို လူ​မတတ်နိုင်​သော်လည်း ဘုရားသခင်​တတ်နိုင်တော်မူ၏။ ဘုရားသခင်​သည် အရာ​အားလုံး​ကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။


ညီအစ်ကို​ခုနစ်ဦးလုံး​နှင့် ပေါင်းဖက်ခဲ့သူ​ဖြစ်​သောကြောင့် သေရာ​မှ​ထမြောက်မည့်​ကာလ​တွင် ထို​အမျိုးသမီး​သည် မည်သူ​၏ ဇနီး​ဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။


သေရာ​မှ​ထမြောက်မည့်​ကာလ​တွင် လူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြမည်​မဟုတ်။ ထို​သူတို့​သည် ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​ကဲ့သို့ ဖြစ်ကြ​လိမ့်မည်။


ဘုရားသခင်​မတတ်နိုင်သော​အရာ တစ်စုံတစ်ခု​မျှ မရှိ” ဟု ဆို၏။


ထို​အချိန်​တိုင်အောင် သူတို့​သည် ယေရှု​သေခြင်း​မှ​ရှင်ပြန်​ထမြောက်​ရမည်​ဟူသော ကျမ်းစကား​ကို နားမလည်ကြသေးချေ။


သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


ထိုသို့ ကျမ်းစာ​၌ ယခင်က ရေးသားခဲ့သော​အရာများ​သည် ကျွန်ုပ်တို့​ကို သွန်သင်​ရန် ရေးသားထားခြင်း​ဖြစ်ပြီး ထို​ကျမ်းစာ​မှ ရရှိသော သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​အားဖြင့် ကျွန်ုပ်တို့​တွင် မျှော်လင့်ချက်​ရှိစေရန် ဖြစ်၏။


ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ