ယာကုပ် 1:16 - Common Language Bible16 ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible16 ငါ ချစ် သော ညီ အစ် ကို တို့၊ အ ထင် မ လွဲ ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible16 ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ငါချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ယူဆမှုမလွဲကြနှင့်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့်ကျိန်ဆိုမှု ကိုမပြုကြနှင့်။ ကောင်းကင်ဘုံသို့မဟုတ် ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုနှင့်။ အဘယ်အရာကိုမျှတိုင်တည်၍မကျိန်ဆို နှင့်။ သင်တို့စကားသည်ဟုတ်လျှင်ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်လျှင်မဟုတ်ဟူ၍ လည်းကောင်းဖြစ်စေကြလော့။ သို့ပြုလျှင် သင်တို့သည်ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။