လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
မဿဲ 9:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများကို မိန့်တော်မူစဉ် ထိုအရပ်မှ ခေါင်းဆောင်တစ်ဦးသည် ယေရှုထံတော်သို့လာ၍ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “အကျွန်ုပ်၏သမီးသည် ယခုပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်သည်ကြွလာ၍ သူ့အပေါ်၌ လက်တော်ကို တင်ပါက သူသည် အသက်ရှင်ပါလိမ့်မည်” ဟု လျှောက်လေ၏။ Common Language Bible သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။ Garrad Bible ထို သို့ မိန့် တော် မူ စဉ် ကျောင်း ဒါ ယ ကာ တစ် ဦး သည် ချဉ်း ကပ် ရှိ ခိုး လျက် အ ကျွန်ုပ်၏ သ မီး သည် ယ ခု ပင် သေ ဆုံး ပါ ပြီ။ သို့ သော် လည်း ကိုယ် တော် သည် ကြွ၍ လက် တင် တော် မူ လျှင် အ သက် ရှင် ပြန် ပါ လိမ့် မည် ဟု လျှောက် သော်၊ Judson Bible ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။ မြန်မာ ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- |
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
သို့သော် ထိုအမျိုးသမီးသည် ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝပ်တွားခယလျက် “သခင်… ကျွန်မကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။
ယေရှုနှင့် တပည့်တော်တို့သည် လူထုပရိသတ်ရှိရာသို့ရောက်ကြသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ချဉ်းကပ်၍ ဒူးထောက်လျက်
ထို့နောက် ဇေဗေဒဲ၏ဇနီးသည် သားနှစ်ယောက်နှင့်အတူ ယေရှုထံသို့ လာ၍ ရှေ့တော်တွင် ဒူးထောက်လျက် ကျေးဇူးပြုတော်မူရန် လျှောက်လေ၏။
ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော်ထံသို့ လာ၍ ဒူးထောက်လျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
တပည့်တော်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ နှိုးပြီးလျှင် “သခင်… ကယ်တော်မူပါ။ အကျွန်ုပ်တို့ရေနစ်သေရပါတော့မည်” ဟု အော်ဟစ်လျက် လျှောက်ကြ၏။
ထို့အတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်းထဲသို့ ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ယိုထွက်၍ သားရေဘူးလည်း ပျက်စီးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်တွင်သာ ထည့်ရ၏။ သို့မှသာ စပျစ်ဝိုင်နှင့် သားရေဘူး နှစ်မျိုးစလုံးကို ကြာရှည်စွာ ထိန်းသိမ်းနိုင်လိမ့်မည်” ဟု ထိုသူတို့အား မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က “ထွက်သွားကြလော့။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူသော် ထိုသူတို့သည် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
ဘာသာရေးခေါင်းဆောင်တစ်ဦးက ယေရှုအား “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်၏။
ထိုအခါ ရောမတပ်မှူးတစ်ဦး၏အလွန်ယုံကြည်စိတ်ချရသော အစေခံတစ်ဦးသည် သေလုမြောပါး ဖျားနာလျက်ရှိ၏။
ယေရှုက “ငါသည် သေလွန်သောသူတို့ကို ပြန်ရှင်စေ၍ အသက်ကို ပေးပိုင်သူဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ပြန်ရှင်လိမ့်မည်။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ ရောက်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ပုဗလိ၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်သဖြင့် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့သွား၍ ဆုတောင်းပေးပြီးမှ သူ့အပေါ်လက်ကိုတင်၍ ကျန်းမာစေ၏။