Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:18 - မြန်မာ

18 ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ထို သို့ မိန့် တော် မူ စဉ် ကျောင်း ဒါ ယ ကာ တစ် ဦး သည် ချဉ်း ကပ် ရှိ ခိုး လျက် အ ကျွန်ုပ်၏ သ မီး သည် ယ ခု ပင် သေ ဆုံး ပါ ပြီ။ သို့ သော် လည်း ကိုယ် တော် သည် ကြွ၍ လက် တင် တော် မူ လျှင် အ သက် ရှင် ပြန် ပါ လိမ့် မည် ဟု လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ကိုယ်တော်​သည် ဤ​အကြောင်းအရာ​များ​ကို​မြွက်ဆို​တော်မူ​စဉ် အကြီးအကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင်​သေဆုံး​သွား​ပါ​သည်။ သို့သော် ကြွလာ​၍ ကိုယ်တော်​၏​လက်​တော်​ကို သူ့​အပေါ်​တင်​တော်မူ​လျှင် အသက်ရှင်​လာ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဤ​အရာများ​ကို မိန့်တော်မူ​စဉ် ထို​အရပ်​မှ ခေါင်းဆောင်​တစ်ဦး​သည် ယေရှု​ထံတော်သို့​လာ​၍ ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်​သည်​ကြွလာ​၍ သူ့​အပေါ်​၌ လက်တော်​ကို တင်​ပါက သူ​သည် အသက်ရှင်ပါ​လိမ့်မည်” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:18
25 ပူးပေါင်းရင်းမြစ်များ  

လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပျပ်၍ လျှောက်​ကြ၏။


ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊-


လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊-


ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊-


အ​ချို့​တို့​သည် ယုံ​မှား​ခြင်း​ရှိ​ကြ၏။-


ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-


တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊-


၎င်း​နည်း ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင်၊ သား​ရေ​ဘူး​သည် စုတ်​ကွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​လေ့​ရှိ၏။ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​သည် ထ၍ တ​ပည့်​တော်​နှင့်​အ​တူ ထို​သူ​နောက်​သို့ လိုက်​တော်​မူ၏။-


ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။-


ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။-


အ​ရာ​ရှိ​တစ်​ယောက်​က၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-


ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊-


ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။-


မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ