Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 8:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထိုအခါ အနာကြီးရောဂါသည်​တစ်ဦး​သည် ကိုယ်တော်​ထံသို့ လာ​၍ ဒူးထောက်​လျက် “သခင်… သခင်​အလိုတော်​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ထို အ ခါ လူ နူ တစ် ယောက် သည် ချဥ်း ကပ် ရှိ ခိုး လျက် အ ရှင် ဘု ရား အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

2 ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:2
37 ပူးပေါင်းရင်းမြစ်များ  

ဖျားနာသူများ​ကို ကျန်းမာစေကြလော့။ သေလွန်သော​သူတို့​ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များ​ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများ​ကို နှင်ထုတ်ကြလော့။ သင်တို့​သည် အဖိုးအခ​မပေးဆောင်ရဘဲ ရရှိထားသည်​ဖြစ်၍ အဖိုးအခ​မယူဘဲ ပေးကမ်းကြလော့။


မြို့သားတို့​မယုံကြည်​သောကြောင့် ယေရှု​သည်လည်း ထို​မြို့​တွင် အံ့ဖွယ်တန်ခိုး​များစွာ ပြတော်မမူပေ။


လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


သို့သော် ထို​အမျိုးသမီး​သည် ရှေ့တော်မှောက်​သို့​ချဉ်းကပ်​၍ ဝပ်တွားခယ​လျက် “သခင်… ကျွန်မ​ကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။


ထိုအခါ ထို​ကျွန်​သည် သခင်​ရှေ့တွင် ဒူးထောက်​လျက် ‘ကျွန်ုပ်​ကို သည်းခံတော်မူပါ။ ရှိသမျှ​အကြွေး​ကို ကျွန်ုပ်​ပြန်ဆပ်ပါမည်’ ဟု လျှောက်၏။


သူတို့​သည် အိမ်​ထဲသို့ ဝင်​၍ မယ်တော်​မာရိ​နှင့်အတူ သူငယ်တော်​ကို တွေ့မြင်​သော် ဝပ်တွားခယ​လျက် သူငယ်တော်​ကို ရှိခိုးကြပြီး​လျှင် မိမိတို့​၏ ရတနာ​သေတ္တာများ​ကို ဖွင့်​ကာ ရွှေ၊ လောဗန်​နှင့် မုရန်​ဟူသော လက်ဆောင်များ​ကို ဆက်သကြ၏။


ထို့နောက် ဇေဗေဒဲ​၏​ဇနီး​သည် သား​နှစ်ယောက်​နှင့်အတူ ယေရှု​ထံသို့ လာ​၍ ရှေ့တော်​တွင် ဒူးထောက်​လျက် ကျေးဇူးပြုတော်မူ​ရန် လျှောက်လေ၏။


ယေရှု​သည် ဗေသနိရွာ​၌​ရှိသော အနာကြီးရောဂါ​စွဲကပ်ဖူးသူ ရှိမုန်​၏​အိမ်​၌ ရှိတော်မူ​စဉ်


ထို​တောင်ပေါ်​၌ တပည့်တော်တို့​သည် ယေရှု​ကို မြင်​သောအခါ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်​တချို့​သည် အမှန်တကယ်​ယေရှု​ဖြစ်သည်​ကို သံသယ​ဖြစ်ကြ၏။


ထိုစဉ် ယေရှု​သည် သူတို့​ရှေ့​မှ ပေါ်လာ​၍ “မင်္ဂလာပါ” ဟု နှုတ်ဆက်တော်မူ၏။ အမျိုးသမီးတို့​သည်လည်း ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ ခြေ​ကို ဖက်ယမ်း​ပြီးလျှင် မြေပေါ်​၌ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


ပြီးမှ “သင်​သည် ငါ့​ကို ကိုးကွယ်​လျှင် ဤ​အရာ​အားလုံး​ကို သင့်​အား ငါ​ပေးမည်” ဟု လျှောက်လေ၏။


ယေရှု​သည် တောင်ပေါ်​မှ ဆင်းကြွတော်မူ​သောအခါ လူအုပ်ကြီး​သည် နောက်တော်​သို့ လိုက်ကြ၏။


တပည့်တော်တို့​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ နှိုးပြီး​လျှင် “သခင်… ကယ်တော်မူပါ။ အကျွန်ုပ်တို့​ရေနစ်​သေရပါတော့မည်” ဟု အော်ဟစ်​လျက် လျှောက်ကြ၏။


ဤ​အရာများ​ကို မိန့်တော်မူ​စဉ် ထို​အရပ်​မှ ခေါင်းဆောင်​တစ်ဦး​သည် ယေရှု​ထံတော်သို့​လာ​၍ ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်​သည်​ကြွလာ​၍ သူ့​အပေါ်​၌ လက်တော်​ကို တင်​ပါက သူ​သည် အသက်ရှင်ပါ​လိမ့်မည်” ဟု လျှောက်လေ၏။


ပရောဖက်​ဧလိရှဲ​လက်ထက်​၌​လည်း အစ္စရေးလူမျိုး​ထဲတွင် အနာကြီးရောဂါသည်​များစွာ ရှိကြ၏။ ထို​သူတို့​ထဲမှ မည်သူ​မျှ စင်ကြယ်​ခွင့်​မရဘဲ ဆီးရီးယားပြည်သား​နေမန် တစ်ဦးတည်း​သာ စင်ကြယ်ခွင့်​ရ၏” ဟု မိန့်တော်မူ၏။


ထိုအခါ သူ​က “အကျွန်ုပ် ယုံကြည်ပါ၏ သခင်” ဟု ဆိုကာ ပျပ်ဝပ်​ကိုးကွယ်လေ၏။


သို့သော် ပေတရု​က “မဖြစ်နိုင်ပါ သခင်ဘုရား။ အကျွန်ုပ်​သည် ညစ်ညမ်းသော​အရာ​နှင့် မစင်ကြယ်သော​အရာ​ကို မည်သည့်​အခါမျှ မစားဖူးပါ” ဟု လျှောက်၏။


ပေတရု​ရောက်လာ​သောအခါ ကော်နေလိ​သည် ကြိုဆို​၍ သူ​၏​ခြေရင်း​၌ ဝပ်တွားခယ​လျက် ရှိခိုးလေ၏။


သူတို့​၏ စိတ်နှလုံး​ထဲမှ လျှို့ဝှက်သော​အတွေးအခေါ်များ​သည် ပေါ်လွင်​လာ​သဖြင့် သူတို့​သည် ဝပ်တွားခယ​ကာ “ဘုရားသခင်​သည် သင်တို့​နှင့်အတူ အမှန်တကယ်​ရှိတော်မူ၏” ဟု ကြွေးကြော်​လျက် ဘုရားသခင်​ကို ကိုးကွယ်ကြ​လိမ့်မည်။


ထိုအခါ ကျွန်ုပ်​သည် ထို​ကောင်းကင်တမန်​ကို ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ဝပ်တွား၏။ သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​အကြောင်း သက်သေခံချက်​ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်​ညီအစ်ကို​မောင်နှမများ​၏ အစေခံချင်း​လည်း ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်​၏​အနှစ်သာရ​သည် ယေရှု​အကြောင်း သက်သေခံချက်​ပင် ဖြစ်၏” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ