Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 20:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့နောက် ဇေဗေဒဲ​၏​ဇနီး​သည် သား​နှစ်ယောက်​နှင့်အတူ ယေရှု​ထံသို့ လာ​၍ ရှေ့တော်​တွင် ဒူးထောက်​လျက် ကျေးဇူးပြုတော်မူ​ရန် လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ထို​နောက်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည်​သား များ​နှင့်​အ​တူ​ကိုယ်​တော်​ထံ​ပန်​ကြား​လျှောက်​ထား ရန်​ချဉ်း​ကပ်​ပျပ်​ဝပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို အ ခါ ဇေ ဗေ ဒဲ၏ သား တို့ အ မိ သည် သား တို့ နှင့် တ ကွ ချဉ်း ကပ် ရှိ ခိုး လျက် ဆု ကျေး ဇူး ကို တောင်း လျှောက် သည့် တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုအခါ ဇေဗေဒဲ​၏​သား​များ​၏​မိခင်​သည် မိမိ​သား​တို့​နှင့်အတူ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ ရှိခိုး​ကာ တစ်စုံတစ်ခု​ကို ကိုယ်တော်​ထံ တောင်းလျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:20
10 ပူးပေါင်းရင်းမြစ်များ  

ထို​တမန်တော်​ဆယ့်နှစ်ပါးတို့​၏​အမည်များ​မှာ ရှေးဦးစွာ ပေတရု​ဟူ၍​လည်း ခေါ်ဝေါ်သော​ရှိမုန်၊ ထို့နောက် သူ​၏​ညီ အန္ဒြေ၊ ဇေဗေဒဲ​၏​သား ယာကုပ်၊ ယာကုပ်​၏​ညီ ယောဟန်၊


လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


သို့သော် ထို​အမျိုးသမီး​သည် ရှေ့တော်မှောက်​သို့​ချဉ်းကပ်​၍ ဝပ်တွားခယ​လျက် “သခင်… ကျွန်မ​ကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။


သူတို့​သည် အိမ်​ထဲသို့ ဝင်​၍ မယ်တော်​မာရိ​နှင့်အတူ သူငယ်တော်​ကို တွေ့မြင်​သော် ဝပ်တွားခယ​လျက် သူငယ်တော်​ကို ရှိခိုးကြပြီး​လျှင် မိမိတို့​၏ ရတနာ​သေတ္တာများ​ကို ဖွင့်​ကာ ရွှေ၊ လောဗန်​နှင့် မုရန်​ဟူသော လက်ဆောင်များ​ကို ဆက်သကြ၏။


ထို​သူတို့​အထဲ​တွင် မာဂဒလမာရိ၊ ယာကုပ်​နှင့် ယောသပ်​၏ မိခင်​မာရိ၊ ဇေဗေဒဲ​၏ သားများ​၏ မိခင်​တို့ ပါကြ၏။


ထို​တောင်ပေါ်​၌ တပည့်တော်တို့​သည် ယေရှု​ကို မြင်​သောအခါ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်​တချို့​သည် အမှန်တကယ်​ယေရှု​ဖြစ်သည်​ကို သံသယ​ဖြစ်ကြ၏။


ထို​နေရာ​မှ အနည်းငယ်​ကြွတော်မူ​သောအခါ အခြား​ညီအစ်ကို​နှစ်ဦး​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​ကို မြင်တော်မူ၏။ သူတို့​သည် ဇေဗေဒဲ​၏​သားများ​ဖြစ်ကြ​၍ လှေ​ထဲ​၌ ဖခင်​နှင့်အတူ ပိုက်ကွန်များ​ဖာထေး​ပြုပြင်နေကြ၏။ ယေရှု​က သူတို့​ကို နောက်တော်​သို့ လိုက်​ရန် ခေါ်တော်မူ၏။


ထိုအခါ အနာကြီးရောဂါသည်​တစ်ဦး​သည် ကိုယ်တော်​ထံသို့ လာ​၍ ဒူးထောက်​လျက် “သခင်… သခင်​အလိုတော်​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။


အမျိုးသမီး​တချို့​သည် အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။ ထို​သူတို့​အထဲတွင် မာဂဒလမာရိ၊ ယာကုပ်​အငယ်​နှင့် ယောသေ​တို့​၏ မိခင်​ဖြစ်သော မာရိ​နှင့် ရှာလုံ​တို့ ပါကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ