လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
မဿဲ 8:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု က မြေ ခွေး များ မှာ တွင်း ရှိ၏။ လေ သ တ္တ ဝါ များ မှာ အ သိုက် ရှိ၏။ လူ့ သား မှာ မူ ခေါင်း ချ ရာ မျှ မ ရှိ ဟု မိန့် တော် မူ ၏။ Judson Bible ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။- |
လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သောကြောင့်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပုနယ်သို့ ရောက်သောအခါ တပည့်တော်တို့အား “လူတို့သည် လူသားကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အရာအားလုံးကို အသစ်ပြုပြင်သောအချိန်တွင် လူသားသည် မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရာဇပလ္လင်ပေါ်တွင် ထိုင်လိမ့်မည်။ ထိုအခါ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် ရာဇပလ္လင်ဆယ့်နှစ်ခုပေါ်တွင် ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောမည်။ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့အား လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသားပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
မည်ကဲ့သို့သိမြင်မည်ဆိုလျှင် အနှီးဖြင့် ရစ်ပတ်ထား၍ နွားစားခွက်တွင် သိပ်ထားသောသူငယ်ကို သင်တို့တွေ့ရလိမ့်မည်” ဟု ဆိုလေ၏။
သူတို့သည် အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်တွင် သိပ်ထားသောသူငယ်တော်ကိုလည်းကောင်း တွေ့မြင်ကြ၏။
သားဦးကို မွေးဖွားလေ၏။ တည်းခိုခန်းတွင် သူတို့အတွက် တည်းခိုရန် နေရာမရှိသောကြောင့် မာရိသည် သူငယ်ကို အနှီးနှင့်ရစ်ပတ်၍ နွားစားခွက်၌ သိပ်ထားလေ၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
ယုဒထွက်သွားပြီးနောက် ယေရှုက “လူသားသည် ဘုန်းတော်ထင်ရှားမည့် အချိန် ယခုကျရောက်ပြီ။ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလိမ့်မည်။
မောရှေသည် တောကန္တာရ၌ ကြေးမြွေရုပ်ကို တိုင်ထိပ်တွင် မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် လူသား၏ အသားကို မစား၊ အသွေးကို မသောက်ဘဲ နေလျှင် ထာဝရအသက်ကိုမရနိုင်။
သို့ဖြစ်လျှင် လူသားသည် ကောင်းကင်သို့ တစ်ဖန် တက်ကြွသည်ကို သင်တို့ မြင်ရပါက မည်သို့ထင်မှတ်ကြမည်နည်း။
ထိုအခါ သတေဖန်က “ကြည့်ပါ။ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသည်ကို ကျွန်ုပ်မြင်ရပါသည်” ဟု ပြောလေ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။