လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
မဿဲ 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။ Common Language Bible ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။ Garrad Bible စုံ စမ်း သော နတ် ဆိုး သည် ချဉ်း လာ လျက် ဘု ရား သ ခင့် သား တော် မှန် လျှင် ဤ ကျောက် ခဲ များ ကို မုန့် ဖြစ် စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။ မြန်မာ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- |
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
နတ်ဆိုးပူးသော သူတို့သည် ကိုယ်တော်ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်၌ ဝပ်တွားခယလျက် “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။
“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
ထိုအခါ သူတို့အားလုံးက “သို့ဖြစ်လျှင် သင်သည် ဘုရားသားဖြစ်သလော” ဟု မေးကြ၏။ ယေရှုက “သင်တို့ဆိုသည့်အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။
ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
နတ်ဆိုးတို့ကလည်း “အရှင်သည် ဘုရားသခင်၏သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်လျက် လူများစွာထံမှ ထွက်သွားကြ၏။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထိုနတ်ဆိုးတို့သိမြင်ကြသဖြင့် ယေရှုသည် သူတို့ကိုဆုံးမ၍ စကားပြောခွင့် ပေးတော်မမူပေ။
ထိုမှတစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်၏ထိပ်၌ ရပ်စေတော်မူပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ ခုန်ချလော့။
မိန့်တော်မူသည့်အတိုင်း ဖြစ်ပျက်သည်ကို ငါမြင်သောကြောင့် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ငါသက်သေခံသည်” ဟု ဆိုလေ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
ထိုသို့ နှင်ထုတ်သည့်အကြောင်းကို ယေရှုကြားသိပြီးနောက် ထိုသူကို တွေ့မြင်တော်မူသော် “သင်သည် လူသားကို ယုံကြည်သလော” ဟု မေးတော်မူ၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ကျွန်ုပ်မှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့အား ဟောပြောခဲ့သော ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ကြားတွင် ယိမ်းယိုင်သောအရှင် မဟုတ်ပေ။ ထိုအရှင်၌ “ဟုတ်၏” ဟူ၍သာ ရှိ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲဆဲရှိသည် မရှိသည်ကို သိရန် တိမောသေကို စေလွှတ်ခြင်းဖြစ်၏။ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းတစ်ဖုံ သွေးဆောင်သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်းသည် အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိတ်ပူ၏။
မည်သူမျှ တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ အစာတစ်နပ်အတွက် သားဦးအရိုက်အရာကို ရောင်းခဲ့သည့် ဧသောကဲ့သို့ ဘုရားတရားမဲ့သူမဖြစ်စေရန် သတိပြုလော့။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။