မဿဲ 4:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible3 စုံ စမ်း သော နတ် ဆိုး သည် ချဉ်း လာ လျက် ဘု ရား သ ခင့် သား တော် မှန် လျှင် ဤ ကျောက် ခဲ များ ကို မုန့် ဖြစ် စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible3 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ3 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- အခန်းကိုကြည့်ပါ။ |
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။