ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
မဿဲ 26:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “သို့သော် လူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။ Common Language Bible သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။ Garrad Bible ပြည် သူ ပြည် သား တို့ ရုန်း ရင်း ခတ် ပြု ကောင်း ပြု လိမ့် မည် ဟု ဆို ကြ၏။ Judson Bible သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။ မြန်မာ သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။ |
ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ပိလတ်မင်းသည် မိမိဆက်လက်ပြောဆိုရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် လူထု ရုန်းရင်းဆန်ခတ်ဖြစ်လာမည့်အခြေအနေကို မြင်လေ၏။ ထို့ကြောင့် လူထုရှေ့တွင် ရေဇလုံ၌ သူ၏ လက်ကို ဆေးကာ “ဤသူသေရခြင်းမှာ ငါ၏ တာဝန်မဟုတ်။ သင်တို့၏ တာဝန်သာဖြစ်သည်” ဟု ဆိုလေ၏။
တဆေးမဲ့မုန့်ပွဲတော်ပထမနေ့ဖြစ်သည့် ပသခါသိုးသငယ်ကို ယဇ်ပူဇော်ရသောနေ့တွင် ယေရှု၏ တပည့်တော်တို့က “သခင့်အတွက် ပသခါပွဲတော်ညစာကို အကျွန်ုပ်တို့ မည်သည့်နေရာသို့ သွား၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
သူတို့က “လူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။
ထိုအခါ လမ်း၌ ယေရှုက “ကျမ်းစာတွင် ‘ငါသည် သိုးထိန်းကို ရိုက်တော်မူသဖြင့် သိုးတို့သည် ကွဲလွင့်သွားကြရမည်’ ဟု ရေးထားသည့်အတိုင်း သင်တို့သည် ငါ့ကို စွန့်ခွာသွားကြလိမ့်မည်။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
မကြာသေးမီက ပုန်ကန်ထကြွလျက် သူပုန်လေးထောင်တို့အား တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည့် အီဂျစ်လူမျိုးသည် သင်မဟုတ်လော” ဟု ပြန်မေး၏။
ထိုသူတို့သည် အရှင်၏တန်ခိုးတော်နှင့် အလိုတော်အရ ကြိုတင်စီမံတော်မူသည့်အတိုင်းဖြစ်လာရန် ထိုသို့ပြုလုပ်ကြခြင်းဖြစ်၏။