Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 သို့သော် ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင် လူထုပရိသတ်​ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​သည် ယောဟန်​ကို ပရောဖက်​တစ်ပါး​ဖြစ်သည်​ဟု ယုံကြည်ထားကြ​သောကြောင့်​ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 လူ တို့ မှ ဖြစ် လာ သည် ဖြေ လျှင် မူ ကား ပြည် သူ ပြည် သား တို့ ကို ကြောက် ရ သည်။ ယော ဟန် ကို ပ ရော ဖက် အ ဖြစ် ရှိ သ မျှ တို့ မှတ် ယူ လျက် နေ ကြ သည် ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ ပြီ လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင် လူ​များ​ကို​ကြောက်​ရ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူထု​ပရိသတ်​ကို​ကြောက်​ရ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏”​ဟု ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

26 လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင် လူ​များ​ကို​ကြောက်​ရ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:26
17 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်လျှင် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် သွားကြသနည်း။ ပရောဖက်​တစ်ပါး​ကို​လော။ မှန်ပါ၏။ ထို​သူ​သည် ပရောဖက်​ထက် ပို၍​ကြီးမြတ်သော​သူ​ဖြစ်သည်​ဟု ငါ​ဆို၏။


ဟေရုဒ်မင်း​သည် ယောဟန်​ကို သတ်​လို​သော်လည်း ဆူပူအုံကြွမည်​ကို ကြောက်ရွံ့​သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယောဟန်​အား ပရောဖက်​တစ်ပါး​အဖြစ် သတ်မှတ်ထား​သောကြောင့် ဖြစ်၏။


လူထု​ပရိသတ်များ​က “ဤ​သူ​သည် ဂါလိလဲပြည် နာဇရက်မြို့​မှ ပရောဖက်၊ ယေရှု​ဖြစ်သည်” ဟု ဖြေဆိုကြ၏။


ယောဟန်​၏ နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။


ထို့ကြောင့် သူတို့​က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု​အား ဖြေဆိုကြ၏။ ထိုအခါ ယေရှု​က “ငါ​သည်လည်း မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေကြောင်း​ကို သင်တို့​အား​မပြောနိုင်” ဟု ထို​သူတို့​အား မိန့်တော်မူ၏။


ထို့ကြောင့် သူတို့​သည် ယေရှု​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယေရှု​ကို ပရောဖက်​တစ်ပါး​ကဲ့သို့ မှတ်ယူကြ​သောကြောင့်​ဖြစ်၏။


သို့သော်လည်း ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့​သည် လူထုပရိသတ်​ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​က ယောဟန်​သည် ပရောဖက်​တစ်ပါး​ဖြစ်ကြောင်း ယုံကြည်ထားကြ၏။


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​က ယေရှု​သည် မိမိတို့​ကို ရည်ညွှန်း​၍ ဤ​ပုံဥပမာ​ကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့​သည် ကိုယ်တော်​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့​သောကြောင့် ကိုယ်တော်​ထံမှ ထွက်သွားကြ၏။


ဟေရုဒ်မင်း​သည် ယောဟန်​ကို ဖြောင့်မတ်သူ​နှင့် သန့်ရှင်းသူ​တစ်ဦး ဖြစ်ကြောင်း သိမြင်​၍ ရိုသေလေးစား​သောကြောင့် အကာအကွယ်​ပေး၏။ ယောဟန်​၏ စကား​ကို ကြား​သောအခါ စိတ်အနှောင့်အယှက်​ဖြစ်ရ​သော်လည်း လိုလား​စွာ​ပင် နားထောင်လေ့​ရှိ၏။


ကျမ်းတတ်ဆရာများ​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ယေရှု​သည် မိမိတို့​အား ရည်ညွှန်း​၍ ဤ​ပုံဥပမာ​ကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့​သည် ကိုယ်တော်​ကို ချက်ချင်း​ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့ကြ၏။


သို့သော်လည်း ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင် လူ​အားလုံး​က ယောဟန်​သည် ပရောဖက်​တစ်ပါး​ဖြစ်သည်​ဟု ယုံကြည်ကြ​သဖြင့် ငါတို့​အား​ကျောက်ခဲ​နှင့် ပေါက်ကြ​လိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ယေရှု​ကို သတ်​ရန် လျှို့ဝှက်​စွာ ရှာကြံ​လျက်​ရှိ၏။ သို့သော်လည်း သူတို့​သည် လူများ​ကို ကြောက်ရွံ့ကြ၏။


ယောဟန်​သည် မီးစာ​ဖြင့် ထွန်းညှိထား​၍ လင်းထိန်နေသော ဆီမီးခွက်​သဖွယ်​ဖြစ်ပြီး သင်တို့​သည် သူ​၏ သတင်းစကား​ကြောင့် ခဏတာ​စိတ်အားထက်သန်ကြ၏။


ဤသို့ ဖြေရခြင်း​မှာ သူတို့​သည် ဂျူးလူမျိုး​ခေါင်းဆောင်တို့​ကို ကြောက်ရွံ့​သောကြောင့်​ဖြစ်၏။ ဂျူးလူမျိုး​ခေါင်းဆောင်တို့​က ယေရှု​ကို ခရစ်တော်​ဖြစ်သည်​ဟု ဝန်ခံသောသူ​ကို ဂျူး​ဝတ်ပြုဆောင်​မှ ထုတ်ပယ်မည်​ဟု ကြေညာထားကြ၏။


ထို့နောက် ဗိမာန်တော်​တပ်မှူး​သည်​အစောင့်တပ်သားများ​နှင့်အတူ သွားကြပြီး​လျှင် တမန်တော်တို့​ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့​သည် မိမိတို့​အား ကျောက်ခဲ​နှင့် ပေါက်သတ်မည်​ကို​ကြောက်​သောကြောင့် တမန်တော်တို့​ကို အကြမ်းမဖက်ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ