Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ယောဟန်​၏ နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ မှာ အ ဘယ် က နည်း။ ကောင်း ကင် မှ လော၊ လူ တို့ မှ လော ဟု ပြန်၍ မေး တော် မူ သော် ထို သူ တို့ က ကောင်း ကင် မှ ဖြစ် လာ သည် ငါ တို့ ဖြေ လျှင် အ ဘယ့် ကြောင့် ယော ဟန် ကို မ ယုံ ကြ သ နည်း ဟု မေး ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် အ​ဘယ်​က​ဖြစ်​သ​နည်း။ ဘု​ရား​က ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ယောဟန်​၏​ဗတ္တိဇံ​သည် အဘယ်က​ဖြစ်​သနည်း။ ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော”​ဟု မေး​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “ ‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် အ​ဘယ်​က​ဖြစ်​သ​နည်း။ ဘု​ရား​က ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:25
24 ပူးပေါင်းရင်းမြစ်များ  

သူတို့​က “ငါတို့​၌ စားစရာ​မပါ​သောကြောင့် ဤသို့​မိန့်တော်မူခြင်း​ဖြစ်သည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


ယေရှု​က “သင်တို့​ကို မေးခွန်း​တစ်ခု ငါ​မေးမည်။ သင်တို့ ဖြေနိုင်​ပါက မည်သည့်​အခွင့်အာဏာ​ဖြင့် ဤ​အခြင်းအရာများ​ကို လုပ်ဆောင်နေကြောင်း ငါ​ပြောမည်။


သို့သော် ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင် လူထုပရိသတ်​ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​သည် ယောဟန်​ကို ပရောဖက်​တစ်ပါး​ဖြစ်သည်​ဟု ယုံကြည်ထားကြ​သောကြောင့်​ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။


သို့သော် သူတို့​သည် မဖြေဘဲ တိတ်ဆိတ်​နေကြသဖြင့် ယေရှု​က လူနာ​ကို​တို့ထိ​၍ ရောဂါ​မှ​ကျန်းမာစေ​ပြီးလျှင် အိမ်​သို့​ပြန်စေတော်မူ၏။


ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။


ယောဟန်​သည် ထို​အရှင်​၏​အကြောင်းကို သက်သေခံ​၍ ကြွေးကြော်ခဲ့သည်​မှာ “ ‘ငါ့​နောက်​တွင် ကြွလာမည့်​အရှင်​သည် ငါ​မမွေး​မီ​ကပင် ရှိနှင့်​သောကြောင့် ငါ့​ထက် ပို​၍​ကြီးမြတ်သည်’ ဟု ငါ​ပြောခဲ့ဖူးသည့်​အရှင်​သည် ထို​အရှင်​ပင် ဖြစ်သည်” ဟူ၍​ဖြစ်၏။


ဘုရားသခင်​သည် လူတစ်ဦး​ကို စေလွှတ်တော်မူ၏။ ထို​သူ​၏ အမည်​မှာ ယောဟန်​ဖြစ်၏။


သားတော်​ကို ယုံကြည်သော​သူ​သည် အပြစ်စီရင်ခြင်း​မခံရ။ မယုံကြည်သော​သူ​မှာမူ ဘုရားသခင်​၏ တစ်ပါးတည်းသော​သားတော်​ကို မယုံကြည်​သောကြောင့် ယခု​ပင် အပြစ်စီရင်ခြင်း​ခံရပြီ။


“အပြစ်​ရှိသည်” ဟု ခံစားရ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​ခံစားမှု​ထက် ကြီးမြတ်တော်မူသည်​ဖြစ်​၍ အားလုံး​ကို သိတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ