Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 27:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ပိလတ်မင်း​သည် မိမိ​ဆက်လက်​ပြောဆို​ရန် မည်သို့မျှ​မဖြစ်နိုင်ကြောင်း​နှင့် လူထု ရုန်းရင်းဆန်ခတ်​ဖြစ်လာမည့်​အခြေအနေ​ကို မြင်လေ၏။ ထို့ကြောင့် လူထု​ရှေ့တွင် ရေဇလုံ​၌ သူ​၏ လက်​ကို ဆေး​ကာ “ဤ​သူ​သေရခြင်း​မှာ ငါ​၏ တာဝန်​မဟုတ်။ သင်တို့​၏ တာဝန်သာ​ဖြစ်သည်” ဟု ဆိုလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ထို ကြောင့် ပြော ၍ မ ရ သည့် ပြင် ရုန်း ရင်း ခတ် ဖြစ် မည် ကို ပိ လတ် မင်း သိ မြင် သော် ရေ ယူ၍ ပ ရိ သတ် ရှေ့ လက် ဆေး လျက် ဤ သူ တော် ကောင်း၏ သွေး သွန်း ပြစ် နှင့် ငါ ကင်း သည် ကိုယ် တိုင် ထောက် ရှု ကြ လော့ ဟု ဆို ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထိုအခါ ပိလတ်​မင်း​သည် မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ရုန်းရင်းဆန်ခတ်​သာ​ဖြစ်လာ​သည်​ကို​မြင်​၍ လူထု​ပရိသတ်​ရှေ့တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်းရှင်း​၏။ သင်​တို့​အမှု​ကို သင်​တို့​ဖြေရှင်း​ရ​မည်”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 27:24
16 ပူးပေါင်းရင်းမြစ်များ  

သူတို့​က “သို့သော် လူထု​အကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်​ကို စိုးရိမ်ရ​သောကြောင့် ပွဲတော်ရက်​အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။


ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။


ပိလတ်မင်း​က တစ်ဖန် “အဘယ်ကြောင့်နည်း။ သူ​သည် မည်သည့်​ပြစ်မူ​ကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်​၍ မေးပြန်သော် လူထု​က “လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟု ပို​၍ အော်ဟစ်ကြ၏။


“ကျွန်ုပ်​သည် အပြစ်ကင်းသောသူ​ကို သစ္စာဖောက်​၍ အပြစ်​ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထို​သူတို့​က “ဤ​ကိစ္စ​သည် ငါတို့​နှင့် မည်သို့​ဆိုင်သနည်း။ သင့်​ကိစ္စ​ကို သင်​ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။


ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။


ဤ​အရာ​သည် ပရောဖက်​ယေရမိ​၏ ဟောပြောချက်​အတိုင်း ဖြစ်လာစေခြင်း​ဖြစ်၏။ ထို​ဟောပြောချက်​မှာ “သူတို့​သည် ငွေဒင်္ဂါး​ပြားသုံးဆယ်​ကို ယူကြ၏။ ထို​ငွေ​သည် အစ္စရေးလူမျိုးတို့​က သူ့​အား တန်ဖိုးဖြတ်သော​ငွေ ဖြစ်၏။


ရှိမုန်​ပေတရု​က “သခင်… သို့ဖြစ်လျှင် အကျွန်ုပ်​၏ ခြေ​ကို​သာမက လက်​နှင့် ဦးခေါင်း​ကို​ပါ ဆေးတော်မူပါ” ဟု လျှောက်လေ၏။


ပိလတ်မင်း​သည် အပြင်​သို့ တစ်ဖန်​ထွက်လာ​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကိုမျှ ငါ​မတွေ့ကြောင်း သင်တို့​သိ​စေရန် သူ့​ကို သင်တို့​ထံ ခေါ်လာမည်” ဟု ဆို၏။


သင်တို့​သည် သန့်ရှင်း​ဖြောင့်မတ်သော​သူ​ကို ငြင်းပယ်​၍ လူသတ်သမား​တစ်ဦး​ကို လွှတ်ပေး​ရန် တောင်းဆိုကြ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ