မဿဲ 20:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။ Common Language Bible လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။ Garrad Bible လူ့ သား သည် စေ စား ရန် မ ဟုတ်။ အ စေ ခံ၍ လူ များ အ တွက် ရွေး နုတ် ရာ အ ဖြစ် အ သက် ကို စွန့် ရန် ရောက် လာ သည့် နည်း တူ ပင် ဖြစ် စေ ဟု မိန့် တော် မူ ၏။ Judson Bible သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။ မြန်မာ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။ |
ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် လူသားပင်လျှင် သူတစ်ပါးကို စေခိုင်းရန် ကြွလာသည်မဟုတ်ဘဲ သူတစ်ပါးကို အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများကို ရွေးနုတ်ရန် ကြွလာသောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ဤစပျစ်ရည်သည် လူများစွာတို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
စားပွဲတွင်ထိုင်နေသောသူနှင့် အစေခံနေသောသူတွင် မည်သူသည် ပို၍ မြင့်မြတ်သနည်း။ စားပွဲတွင်ထိုင်နေသောသူသည် မြင့်မြတ်သည်မဟုတ်လော။ သို့သော် ငါသည် သင်တို့အထဲတွင် အစေခံသောသူကဲ့သို့ဖြစ်၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ယေရှုခရစ်တော်သည် လူသားအားလုံးကို ရွေးနုတ်ရန် အသက်ပေးတော်မူခဲ့ပြီး ဘုရားသခင်သည် ထိုအကြောင်းကို အချိန်တန်သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။
ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သော်လည်း မိမိခံစားရသောဆင်းရဲဒုက္ခအားဖြင့် နာခံတတ်ရန် သင်ယူတော်မူ၏။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။