Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 10:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 အဘယ်ကြောင့်ဆိုသော် လူသား​ပင်လျှင် သူတစ်ပါး​ကို စေခိုင်း​ရန် ကြွလာသည်​မဟုတ်ဘဲ သူတစ်ပါး​ကို အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​ကို ရွေးနုတ်​ရန် ကြွလာ​သောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 လူ့ သား လည်း စေ စား ရန် မ ဟုတ်။ အ စေ ခံ၍ လူ များ အ တွက် ရွေး နုတ် ရာ အ ဖြစ် အ သက် ကို စွန့် ရန် ရောက် လာ သည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

45 အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:45
16 ပူးပေါင်းရင်းမြစ်များ  

လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


အထွတ်အမြတ်​ဖြစ်လိုသော​သူ​သည် အားလုံး​၏ ကျွန်​ဖြစ်ရမည်။


ငါ​သည် သင်တို့​၏​သခင်​လည်း ဖြစ်၏။ ဆရာ​လည်း ဖြစ်၏။ သို့ဖြစ်လျက်​ပင် ငါ​သည် သင်တို့​၏ ခြေ​ကို ဆေး​လျှင် သင်တို့​သည်လည်း အချင်းချင်းတို့​၏​ခြေ​ကို ဆေးကြရမည်။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ခရစ်တော်​သည် ဘုရားသခင်​၏​သားတော်​ဖြစ်​သော်လည်း မိမိ​ခံစားရသော​ဆင်းရဲဒုက္ခ​အားဖြင့် နာခံတတ်​ရန် သင်ယူတော်မူ၏။


အပြစ်​အနာဆာ​နှင့် အစွန်းအထင်း​ကင်းသည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏ အဖိုးတန်​သည့် အသွေးတော်​ဖြင့် ရွေးနုတ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ