အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
မဿဲ 20:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။ Common Language Bible ``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။- Garrad Bible အ သို့ ဆို သော် ကောင်း ကင် နိုင် ငံ တော် သည် စ ပျစ် ဥ ယျာဉ် တွင် လုပ် ကိုင် စေ ရန် နံ နက် စော စော လုပ် သား ငှား သွား သော မြေ့ ရှင် နှင့် တူ၏။ Judson Bible ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှားခြင်းငှာ နံနက်စောစော ထွက်သွားသော အိမ်ရှင်နှင့်တူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်နိုင်ငံတော်သည် မိမိ၏စပျစ်ခြံအတွက် အလုပ်သမားများကိုငှားရန် နံနက်စောစောထွက်သွားသည့် ခြံပိုင်ရှင်နှင့်တူ၏။ မြန်မာ ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှားခြင်းငှာ နံနက်စောစော ထွက်သွားသော အိမ်ရှင်နှင့်တူ၏။- |
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် စိုက်ခင်းတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် အမျိုးသမီးတစ်ဦး မုန့်လုပ်ရာတွင် သုံးသည့်တဆေးနှင့်တူ၏။ ထိုအမျိုးသမီးက ဂျုံမှုန့်သုံးတင်းထဲသို့ တဆေးအနည်းငယ်ကိုသာ ထည့်သော်လည်း ထိုတဆေးသည် မုန့်အားလုံးကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
ထိုသူသည် လုပ်သားတို့အား နေ့စားခငွေဒင်္ဂါးတစ်ပြား ပေးရန် သဘောတူပြီးနောက် မိမိစပျစ်ခြံသို့ စေလွှတ်လိုက်၏။
ထို့နောက် ယေရှုက “ဤအကြောင်းအရာကို သင်တို့ မည်သို့ထင်ကြသနည်း။ လူတစ်ယောက်၌ သားနှစ်ယောက်ရှိ၏။ သူသည် သားကြီးထံသို့သွား၍ ‘ငါ့သား… ယနေ့ စပျစ်ခြံသို့ သွား၍ အလုပ်လုပ်လော့’ ဟု ပြော၏။
ယေရှုက “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ဘုရင်တစ်ပါးသည် မိမိသားအတွက် မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေး၏။
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်ဖြတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏ တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏ သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ခရီးထွက်မည့် လူတစ်ဦးသည် မိမိ၏ အစေခံများကို ခေါ်၍ သူ၏ ဥစ္စာပစ္စည်းများကို အပ်လေ၏။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
လူသားကြွလာခြင်းအကြောင်းသည် ခရီးထွက်မည့် လူတစ်ဦးက မိမိအိမ်မှ မထွက်ခွာမီ သူ၏ အစေခံများအား လုပ်ဆောင်ရန် တာဝန်များကို ပေးအပ်၍ တံခါးစောင့်အား မိမိပြန်လာချိန်ကို စောင့်ရမည်ဟု မှာကြားသည်နှင့် တူ၏။
ယေရှုက “ငါသည် စစ်မှန်သောစပျစ်ပင် ဖြစ်၏။ ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်တော်မူ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။