Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 21:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို့နောက် ယေရှု​က “ဤ​အကြောင်းအရာ​ကို သင်တို့ မည်သို့​ထင်ကြသနည်း။ လူတစ်ယောက်​၌ သား​နှစ်ယောက်​ရှိ၏။ သူ​သည် သားကြီး​ထံသို့​သွား​၍ ‘ငါ့​သား… ယနေ့ စပျစ်ခြံ​သို့ သွား​၍ အလုပ်လုပ်လော့’ ဟု ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 မည် သို့ ထင် မှတ် ကြ သ နည်း။ လူ တစ် ဦး တွင် သား နှစ် ယောက် ရှိ ရာ သား ဦး ထံ လာ ပြီး လျှင် ငါ့ သား ငါ့ စ ပျစ် ဥ ယျာဉ် တွင် ယ နေ့ သွား ရောက်၍ လုပ် ကိုင် လော့ ဟု ဆို သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သင်​တို့​သည် မည်သို့​ထင်​ကြ​သနည်း။ လူ​တစ်​ဦး​တွင် သား​နှစ်​ယောက်​ရှိ​၏။ သူ​သည် ပထမ​သား​ထံသို့​သွား​၍ ‘ငါ့​သား၊ ယနေ့ စပျစ်ခြံ​သို့​သွား​၍ အလုပ်​လုပ်​လော့’​ဟု ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:28
13 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


သင်တို့​သည် ဆင်ခြင်တုံတရား​ရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်​ပြောဆိုသော​အရာ မှားသည်​မှန်သည်​ကို သင်တို့​ကိုယ်တိုင် သုံးသပ်ကြလော့။


ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ မြေရှင်​တစ်ဦး​သည် မိမိ​၏​စပျစ်ခြံ​အတွက် လုပ်သားများ​ငှား​ရန် နံနက်​စောစော ထွက်သွား၏။


လူသား​ကြွလာခြင်း​အကြောင်း​သည် ခရီး​ထွက်မည့် လူ​တစ်ဦး​က မိမိ​အိမ်​မှ မထွက်ခွာမီ သူ​၏ အစေခံများ​အား လုပ်ဆောင်​ရန် တာဝန်များ​ကို ပေးအပ်​၍ တံခါးစောင့်​အား မိမိ​ပြန်လာချိန်​ကို စောင့်ရမည်​ဟု မှာကြားသည်​နှင့် တူ၏။


ထို့ပြင် ရှိလောင်​မျှော်စင်​လဲပြို​သောကြောင့် ပိ​၍ သေဆုံးသော​လူ​ဆယ့်ရှစ်ဦး​သည် ဂျေရုဆလင်မြို့​ရှိ အခြား​လူများ​ထက် ပို၍ အပြစ်​ကြီးသည်​ဟု ထင်ကြသလော။


အခြားသော​ပုံဥပမာ​တစ်ခု​ကို နားထောင်ကြလော့။ မြေရှင်​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​၍ ခြံခတ်လေ၏။ သူ​သည် ထို​ခြံ​ထဲတွင် စပျစ်သီးနယ်ရာ​ကျင်း​ကို တူး​ပြီး ကင်းစောင့်မျှော်စင်​ကိုလည်း ဆောက်၏။ ထို့နောက် ထို​စပျစ်ခြံ​ကို စပျစ်ခြံလုပ်သားများ​အား ငှားရမ်း​၍ အခြား​တိုင်းပြည်​သို့ သွားလေ၏။


ပေတရု​က “ပေးဆောင်ပါသည်” ဟု ဖြေ​ကာ အိမ်​သို့​ဝင်လေ၏။ ထိုအခါ ပေတရု​မလျှောက်​မီ ယေရှု​က ကြိုတင်​၍ “ပေတရု… ဤ​အကြောင်း​ကို သင်​မည်သို့​ထင်သနည်း။ လောကီ​ရှင်ဘုရင်တို့​သည် အခွန်အကောက်များ​ကို မည်သူ့​ထံမှ ကောက်ခံကြသနည်း။ မိမိတို့​၏​နိုင်ငံသား​ထံမှလော၊ သို့မဟုတ် အခြားသူများ​ထံမှလော” ဟု မေးတော်မူ၏။


သို့ဖြစ်၍ ဆရာတော် မည်သို့​ထင်မြင်သည်​ကို အကျွန်ုပ်တို့​အား​ပြောပါ။ ဆီဇာဘုရင်​အား အကျွန်ုပ်တို့​က အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။


ထို့ကြောင့် သူတို့​က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု​အား ဖြေဆိုကြ၏။ ထိုအခါ ယေရှု​က “ငါ​သည်လည်း မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေကြောင်း​ကို သင်တို့​အား​မပြောနိုင်” ဟု ထို​သူတို့​အား မိန့်တော်မူ၏။


သားဖြစ်သူ​က ‘ကျွန်ုပ် မသွားလိုပါ’ ဟု ပြန်​ပြော၏။ သို့သော်လည်း နောက်မှ နောင်တရ​၍ စပျစ်ခြံ​သို့ သွားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ