Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 25:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ အပျိုရံ​ဆယ်ဦးတို့​သည် ဆီမီးခွက်များ​ကို ကိုင်ဆောင်​လျက် သတို့သား​အား ကြိုဆို​ရန် ထွက်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ``ထို​ကာ​လ​၌​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မီး​ခွက် များ​ကို​ယူ​၍ မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​ကြို​ဆို ရန်​ထွက်​သွား​သည့်​အ​ပျို​ရံ​ဆယ်​ယောက်​တို့​တွေ့ ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို အ ခါ ကောင်း ကင် နိုင် ငံ တော် သည် မင်္ဂ လာ ဆောင် သ တို့ သား ကို ကြို ဆို ရန် မီး ခွက် ကိုယ် စီ ဆောင်၍ ထွက် သွား သော အ ပျို ရံ ဆယ် ယောက် နှင့် တူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:1
43 ပူးပေါင်းရင်းမြစ်များ  

အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ လယ်သမား​တစ်ဦး​သည် ကောင်းသော​မျိုးစေ့​ကို လယ်​၌ ကြဲ၏။


အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် စိုက်ခင်း​တွင် စိုက်ထားသော​မုန်ညင်းစေ့​နှင့် တူ၏။


လယ်​မှာမူ ဤ​လောက​ဖြစ်၏။ ကောင်းသော မျိုးစေ့​မှာ ဘုရားသခင်​၏​နိုင်ငံတော်သားများ​ဖြစ်၏။ ပေါင်းပင်များ​မှာ မာရ်နတ်​၏ သားသမီးများ​ဖြစ်၏။


တစ်ဖန် ကောင်းကင်​နိုင်ငံတော်​သည် ပင်လယ်​ထဲသို့​ချ​၍ ငါး​မျိုးစုံ​ကို ဖမ်းမိသော​ပိုက်ကွန်​နှင့် တူ၏။


ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ မြေရှင်​တစ်ဦး​သည် မိမိ​၏​စပျစ်ခြံ​အတွက် လုပ်သားများ​ငှား​ရန် နံနက်​စောစော ထွက်သွား၏။


ယေရှု​က “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ဘုရင်တစ်ပါး​သည် မိမိ​သား​အတွက် မင်္ဂလာဧည့်ခံပွဲ​ကို ကျင်းပပေး၏။


အပျိုရံ​အားလုံးတို့​သည် ထ​၍ မိမိတို့​၏ ဆီမီးခွက်များ​ကို အသင့်​ပြင်ကြ၏။


“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ထိုအခါ ယေရှု​က “သတို့သား​၏ မိတ်ဆွေ​အပေါင်းအသင်းများ​သည် ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် ဝမ်းနည်းပူဆွေး​တတ်ကြသလော။ သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထိုအခါ သူတို့​သည် အစာရှောင်ကြ​လိမ့်မည်။


ထို့ကြောင့် ယုဒ​သည် ရောမ​တပ်ဖွဲ့​တစ်ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲတို့​လွှတ်လိုက်သော ဗိမာန်တော်​အစောင့်များ​ကို​လည်းကောင်း ခေါ်ဆောင်လာ၏။ သူတို့​သည် မီးတုတ်များ၊ မီးအိမ်များ​နှင့် လက်နက်များ​ကို ကိုင်ဆောင်​၍ ထို​ဥယျာဉ်​သို့ ရောက်လာကြ၏။


သတို့သမီး​ကို လက်ထပ်သော​သူ​သည် သတို့သား​ဖြစ်၏။ အနား​တွင် ရပ်​လျက်​ရှိသော​သတို့သား​၏ မိတ်ဆွေ​သည် သတို့သား​၏​အသံ​ကို ကြား​သောအခါ အလွန်​ဝမ်းမြောက်၏။ ထို​ကဲ့သို​ပင် ငါ​သည်လည်း အပြည့်အဝ ဝမ်းမြောက်​လျက်​ရှိ၏။


ကျွန်ုပ်တို့​စည်းဝေးကြသည့် အပေါ်ထပ်​အခန်း​တွင် ဆီမီးခွက်​များစွာ​ရှိ၏။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ကျွန်ုပ်​သည် ဘုရားသခင်​၏ သဝန်တိုခြင်း​မျိုး​ဖြင့် သင်တို့​ကို သဝန်တို၏။ ကျွန်ုပ်​သည် သင်တို့​ကို စင်ကြယ်သော​အပျိုစင်​အဖြစ် တစ်ဦးတည်းသော​ခင်ပွန်း​ဟူသော ခရစ်တော်​ထံ အပ်နှင်း​ရန် ကတိပြုထား၏။


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


ဤ​လူတို့​သည် အမျိုးသမီးများ​နှင့် မေထုန်​အမှု မညစ်ညူးသည့် လူပျိုစင်များ​ဖြစ်​ပြီး သိုးသငယ်တော် သွားလေရာ​အရပ်​သို့ လိုက်ပါသူများ​ဖြစ်ကြ၏။ ထို​သူတို့​သည် ဘုရားသခင်​နှင့် သိုးသငယ်တော်​အတွက် အဦးဆုံးသော​အသီး​ကဲ့သို့ ပူဇော်​ခံရ​ရန် လူတို့​ထဲမှ ရွေးနုတ်​ကယ်တင်​ခံထားရသော​သူများလည်း ဖြစ်ကြ၏။


ရွှင်လန်း​ဝမ်းမြောက်​လျက် ကိုယ်တော်​၏ ဘုန်းအသရေတော်​ကို ချီးမွမ်းကြပါစို့။ သိုးသငယ်​၏​မင်္ဂလာပွဲ​သည် အချိန်ကျပြီ​ဖြစ်​၍ သူ​၏ သတို့သမီး​သည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။


သန့်ရှင်းသော​မြို့တော်​ဖြစ်သော ဂျေရုဆလင်​မြို့သစ်​သည် သတို့သား​အတွက် လှပ​စွာ ဝတ်ဆင်ထားသော သတို့သမီး​တစ်ဦး​ကဲ့သို့ ပြင်ဆင်​လျက် ဘုရားသခင်​ထံတော် ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။


နောက်ဆုံးသော​ဘေးဒဏ် ခုနစ်ပါး​နှင့်​ပြည့်နေသော ဖလား​ခုနစ်လုံး​ကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်​ခုနစ်ပါး​အနက် တစ်ပါး​သည် လာ​၍ “လာလော့။ သိုးသငယ်​၏​ဇနီးလောင်း​ဖြစ်သူ သတို့သမီး​ကို ငါ​ပြမည်” ဟု ကျွန်ုပ်​အား​ဆို၏။


ရာဇပလ္လင်တော်​မှ လျှပ်စီး​လက်ခြင်း၊ အသံ​မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း​တို့​ထွက်ပေါ်လာ၏။ ထို​ပလ္လင်တော်​ရှေ့တွင် ဘုရားသခင်​၏ ဝိညာဉ်​ခုနစ်ပါး​ကို ကိုယ်စားပြုသည့် မီးတုတ်​ခုနစ်ခုတို့​သည် တောက်လောင်​လျက်​ရှိ၏။


တတိယ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ မီးတုတ်​ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီး​တစ်လုံး​သည် ကောင်းကင်​မှ ကြွေကျ​၍ မြစ်​သုံးပုံ​တစ်ပုံ​နှင့် စမ်းရေတွင်းများ​ပေါ်သို့ ကျလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ