Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် အမျိုးသမီး​တစ်ဦး မုန့်​လုပ်​ရာတွင် သုံးသည့်​တဆေး​နှင့်​တူ၏။ ထို​အမျိုးသမီး​က ဂျုံမှုန့်​သုံးတင်း​ထဲသို့ တဆေး​အနည်းငယ်​ကိုသာ ထည့်​သော်လည်း ထို​တဆေး​သည် မုန့်​အားလုံး​ကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 အ ခြား သော ဥ ပ မာ ကို မိန့် တော် မူ သည် မှာ ကောင်း ကင် နိုင် ငံ တော် သည် မုန့် ညက် သုံး စိတ် အား လုံး ပေါက် သည့် တိုင် အောင် မိန်း မ ယူ၍ ခတ် သော တ ဆေး နှင့် တူ သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:33
19 ပူးပေါင်းရင်းမြစ်များ  

အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ လယ်သမား​တစ်ဦး​သည် ကောင်းသော​မျိုးစေ့​ကို လယ်​၌ ကြဲ၏။


အကယ်၍ သခင်ဘုရား​သည် ထို​နေ့ရက်ကာလများ​ကို တိုတောင်းစေတော်မမူ​လျှင် မည်သူ​မျှ အသက်ဘေး​မှ လွတ်နိုင်မည်​မဟုတ်။ သို့ရာတွင် ကိုယ်တော်​သည် မိမိ​ရွေးချယ်ထားတော်မူသော​သူများ​အတွက် ထို​နေ့ရက်များ​ကို တိုတောင်းစေတော်မူမည်။


တဆေး​နှင့်​တူ၏။ အမျိုးသမီး​တစ်ဦး​သည် ဂျုံမှုန့်​သုံးတင်း​ထဲသို့ တဆေး​အနည်းငယ်​ကို​ယူ၍ ထည့်​သဖြင့် မုန့်​အားလုံး​ကို ဖောင်းကြွစေ၏” ဟု မိန့်တော်မူ၏။


ခမည်းတော်​သည် စပျစ်ပင်​ဖြစ်သော ငါ​၌ အသီး​မသီးသည့်​အကိုင်းအခက်​ရှိသမျှ​ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော​အကိုင်းအခက်​ရှိသမျှ​ကိုမူ ပို​၍ အသီးသီး​စေနိုင်ရန် ဖြတ်ညှပ်​ရှင်းလင်းတော်မူ၏။


အနည်းငယ်သော တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေ၏။


သင်တို့​အထဲ​တွင် ကောင်းသော​အမှု​ကို စတင်​ဆောင်ရွက်​တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော် ပြန်ကြွလာသည့် နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်သည်​အထိ ဆက်​၍ ပြုတော်မူမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ